Part-20☁️

1.8K 158 18
                                    

Unicode Ver:

Jk-ထယ် မောင်တို့အကြောင်းတွေပြောပြမယ်ဆို!ကလေးလေး

Tae-လာ ဟိုခုံတန်းလေးမှာ ထိုင်ရအောင်။

ညဆယ့်နှစ်နာရီခွဲခန့် လေတဖြူးဖြူးတိုက်နေတဲ့အချိန် တိတ်ဆိတ်ငြိမ်သက်လှတဲ့ပတ်ဝန်းကျင်မှာ ကောင်လေးနှစ်ယောက်ရဲ့သက်ပြင်းချသံတွေကအတိုင်းသား။မတိုင်ပင်ဘဲ ပြိုင်တူဖြစ်သွားတာကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လွတ်လပ် ပေါ့ပါးစွာ ရယ်လိုက်မိကြသည်။

သက်ပြင်းချလိုက်တဲ့သူတို့နှစ်ယောက်မှာ တစ်ယောက်က အေးချမ်းခြင်းတွေပါသည်။တစ်ယောက်က ပူလောင်ခြင်းသောကတွေပါသည်။ကိုယ့်အ‌‌ေခြအ‌ေနကိုတော့ ထုတ်ဖော်ပြောဆိုခြင်း အလျဉ်းမရှိကြ။

Tae-မောင်...ငါအကုန်ပြောပြမယ်။ပြီးသွားရင် ငါဘာလုပ်လုပ် ငါ့ကိုမုန်းမသွားရဘူး။ငါဘာပဲဆုံးဖြတ်ဖြတ် လက်ခံမလား။

Jk-အင်း မောင်ကတိပေးတယ်။

Jk's pov:;

တောင်းပန်တယ် ထယ်။မောင် မင်းနဲ့မခွဲနိုင်ဘူး။ထယ်ပြောတာတွေရဲ့ အဆုံးသတ်က ဝေးကွာခြင်းဆိုတဲ့ မှတ်တိုင်သာဖြစ်နေခဲ့ရင် မောင်က မင်းနဲ့အနီးဆုံးကိုလိုက်ခဲ့မှာ။မောင့်ရဲ့လိမ်ညာခြင်းက ဖြူစင်လွန်းတယ်မလား။

Jk-ပြောတော့လေ အချစ်ရဲ့။

Tae-အိုခေ ငါတို့စတွေ့တဲ့ နေ့ကိုပဲသွားရအောင်။စတွေ့တွေ့ချင်းက မောင်သိပြီးပြီဆိုတော့က...

Flash back:;

ထိုနေ့က နာမည်ချင်းသာဖလှယ်၍ ပြန်လာခဲ့ကြသော ကောင်လေးနှစ်ယောက်။နောက်တစ်နေ့ Uni ရောက်တော့ တတိယနှစ်က အကိုတစ်ယောက်အား စာသင်ခန်းမေးရန် အလိုက်...

Jk-ဒီမှာဗျ ဒီမှာ။ဟင် သေးသေး အဲလေ Taehyung!

Tae-မင်း မင်း...

Jk-မမှတ်မိဘူးလား မောင်လို့ပဲမှတ်။

Tae-လာနောက်မနေနဲ့ စာသင်ခန်းပျောက်နေတာလား။

Jk-ဘယ်လိုသိတာ!

Tae-ဖြစ်တတ်တာပါ။ ကဲ ငါလိုက်ပြမယ် မောင်ခဗျ။

ထို့နောက်မှာတော့ တတိယနှစ်ကောင်လေးနောက်ကို တွန့်လိမ်တွန့်လိမ်နဲ့ ပါးစပ်ကြီးဖြီးကာ လိုက်သွားတဲ့ကောင်လေးတစ်ယောက် ရှိလေသည်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now