Unicode Ver:နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်အစုံကို လက်ဖြင့်ဖိကာ Jk နိုးလာခဲ့သည်။ချစ်ရသူရဲ့ရောဂါကို အသည်းအသန် စဉ်းစားသော်လည်း အဖြေက ထွက်မလာ။
စုတ် တစ်ချက်သပ်ကာ ဝရံတာသို့ထွက်လိုက်မိသည်။မနက် သုံးနာရီလောက်သာ ရှိသေးတာမို့ လေအေးအေးတွေက တိုက်ခတ်နေဆဲ။လက်ကလေးကိုပိုက်ကာ ဝရံတာ ဘောင်ကိုမှီ ရပ်နေစဉ်
*မောင်*
Jk-အော် မင်းရောက်လာပြီပဲ။လာမှ လာပါ့မလားလို့။
*မျှော်နေတာလား။*
Jk-မဟုတ်ပါဘူး။
*မောင် မင်းအချစ်ဆိုတာကို ယုံလား။*
Jk-မသိဘူး။မယုံဘူးလို့ပဲပြောပါရစေ။ခုချိန်ထိလည်း ချစ်တယ်ဆိုတာ ဘာမှန်းသေချာမသိဘူး။
*ငါကတော့ ယုံတယ်။*
Jk-ဘာလို့။
*ငါချစ်တဲ့သူရဲ့စကားတစ်ခွန်းကြောင့် အခုလိုဖြစ်ခဲ့တာ ငါ့အတွက် အချစ်ဆိုတာ အရမ်းကို ထိရှလွယ်တဲ့ အရာတစ်ခု။ချစ်ရသူက ဒါဆို ဘာမှ မစဉ်းစားဘဲလုပ်ပစ်နိုင်တဲ့အထိ အချစ်က ငါ့အပေါ် လွှမ်းမိုးမှုကြီးမားတယ်။*
Jk-မင်းကအရူးလိုပဲ။
*မောင့်ကြောင့်လေ။*
Jk-ဘာ။
လှည့်ကြည့်လိုက်တော့ ထိုကောင်လေးက မရှိတော့။ဘေးဘီသေချာရှာကြည့်တော့လည်း မတွေ့တော့ပင်။သူပြောလိုက်တာကို စိတ်ဆိုးသွားတာလား။သူများလွန်သွားတာလား လို့သာတွေးနေမိသည်။
Jk's pov:;
ဘာမို့လို့ ငါ့ကို ဒီလိုရှုပ်ယှက်ခတ်အောင် လုပ်နိုင်တာလဲကွာ။
တံတားပေါ်က နေရာမှန်ကို ပြန်ရောက်လာတဲ့ ကောင်လေးမှာတော့...
Tae-မောင်ကလေ အရင်ကလိုပဲ စကားကို ဖြစ်သလိုပြောတုန်း။ဒါပေမဲ့ မောင့်စကားတစ်ခုကြောင့် ဒီလိုဖြစ်တယ်ဆိုတာ သိသွားခဲ့ရင် မောင် နောင်တမရဖို့မျှော်လင့်ပါတယ်။
Miya မနက်နိုးလာတာနဲ့ မနက်စာပြင်ဖို့အောက်ဆင်းလာခဲ့လိုက်သည်။သို့သော် မြင်လိုက်ရတဲ့ မြင်ကွင်းက ဟင်းချက်တယ်ဆိုတာကို အပြောနဲ့တောင် မပြောဘူးတဲ့ သူမသားက သူမတို့အတွက် မနက်စာပြင်နေတယ်တဲ့လေ။မျက်စိများကိုပွတ်ကာသပ်ကာ ပြန်ကြည့်သော်လည်း ထိုမြင်ကွင်းက ထိုမြင်ကွင်း။
YOU ARE READING
𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)
Fanfictionငါမောင့်ကိုချစ်တယ်။ Taekook(Unicode+Zawgi) Start date-8.12.2021 End date-20.1.2022