Part-4☁️

2.5K 247 20
                                    

Unicode Ver:

Jk တစ်ယောက် အပေါ်ထပ်ကိုရောက်တာနဲ့ အခန်းထောင့်မှာ ထိုင်ချလိုက်မိသည်။မျက်လုံးများကို တင်းတင်းစေ့ပိတ်ထားကာ တစ်ခုခုကို အသဲအသန် စဉ်းစားနေပါသော်လည်း အဖြေကထွက်မလာ။

Jk's pov:;

ထယ် ဟုတ်လား။ထယ်က သူ့နာမည်လား။ငါခေါ်လိုက်တဲ့အသံကရော ဘာလို့ချိုသာနေရတာလဲ။ဟမ်! ငါနဲ့သူနဲ့ ပက်သက်မှုက သာမန်တော့ မဟုတ်လောက်ဘူးထင်နေမိတယ်။

နေ့ခင်းပိုင်းလောက်ရောက်တော့ ကိုရီးယားမှာရှိတဲ့ ငယ်ငယ်လေးထဲက သူငယ်ချင်းလို အကိုလို ဖြစ်နေတဲ့ Hoseok Hyungက ဖုန်းဆက်လို့လာသည်။သူက လူများများစားစားနဲ့ အရောတဝင်မနေတတ်ပေမဲ့ သူငယ်ချင်းလို အကိုလိုပေါင်းကြတဲ့သူကတော့ Hoseok Hyung အပါအဝင် ငါးယောက်လောက်ရှိမည်။နိုင်ငံခြားသို့ထွက်သွားသော်လည်း သူတို့နဲ့တော့ အဆက်အသွယ် မပြတ်ခဲ့။

ph ringtone;

Iᴍᴀɢɪɴᴇ Yᴏᴜʀ Fᴀᴄᴇ~
Sᴀʏ Hᴇʟʟᴏ ᴛᴏ Mᴇ~
Tʜᴇɴ Aʟʟ ᴛʜᴇ Bᴀᴅ ᴛʜɪɴɢs~
Tʜᴇʏ'ʀᴇ Nᴏᴛʜɪɴɢ ᴛᴏ Mᴇ~
Wɪᴛʜ Yᴏᴜ,𝒐𝒖𝒉𝒐𝒐𝒉 𝒐𝒖𝒉𝒐𝒐𝒉 𝒐𝒖𝒉𝒐𝒐𝒉 𝒐𝒖𝒉𝒐𝒐𝒉~
Wʜɪɴᴛᴇʀ Bᴇᴀʀ~

ဆိုသော သံစဉ်လေးကပျံ့လွင့်၍လာသည်။ခါတိုင်းလည်း ဒီဖုန်းသံပေမဲ့ အခုလိုပြန်ရောက်လာသည့် အချိန်မှာမှ ဖုန်းသံကိုကြားရတိုင်း မွန်းကြပ်ကာ တစ်စုံတစ်ယောက်ကို သတိရနေသလို ခံစားနေရတာကို ဘဝင်မကျ။အာရုံများကို ပြန်လည်စုစည်းလိုက်ပြီး...

Jk-hello

Hoseok-Jk အသံကတစ်မျိုးဖြစ်နေသလိုပဲ။နေမကောင်းလို့လား။

Jk-မဟုတ်ပါဘူး ညကသိပ်အိပ်မပျော်လို့။

Hoseok-ငါနဲ့တွေ့ရအောင်။ငါထင်တာတော့ မင်းရဲ့ခံစားချက်တွေ ဖွင့်ထုတ်ဖို့လိုနေပြန်ပြီထင်တယ်။

Jk-ဟုတ်တယ် ကျွန်တော် အရမ်းမွန်းကြပ်တယ်။

Hoseok-Universe Cafe ကိုလာခဲ့။

ဆိုသော အမိန့်သံနဲ့အတူ ဖုန်းကိုချပစ်ပြန်ပြီ။

ဒီ Hyung ဟာလေ သူ့ကိုမပြောပြရင် သိပ်စိတ်ကောက်တတ်တာ။Jk က သူ့ရဲ့အဖြစ်အပျက်မှန်သမျှကို ထိုငါးယောက်အား ပြောပြလေ့ရှိသည်။အချင်းချင်းလည်းနှုတ်လုံပေးကြသလို သူတို့နဲ့ရှိနေရင် ကိုယ်တိုင်လည်း ထူးဆန်းသည်လို့ မခံစားရပင်။မိဘကိုပြောပြနေရင်တောင်မှ အရူးဆိုပြီး ဆေးတွေတိုက်နေကြအုံးမည်မဟုတ်ပါလား။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now