Part-11☁️

1.8K 191 35
                                    

Unicode Ver:

ထယ်ယောင်း တစ်ယောက် စားလို့ရသည်နှင့် အားရပါးရ ခေါင်းမဖော်တမ်းစားနေသည်။သူ ဒီလို မစားရတာ ဘယ်နှစ်နှစ်ရှိနေပြီမို့လို့လဲ။

Jkလည်း ကိုယ်စားရမှာတောင် မေ့ပြီး ရှေ့က ကောင်လေးစားတာကိုသာ ထိုင်ကြည့်မိနေသည်။ဒီလို အရာရာကလေးဆန်တဲ့ သူက ဘာလို့များမောင်လို့ ခေါ်သလဲဆိုတာ။

Jk-ဘာလို့ ငါ့ကိုမောင်လို့ခေါ်တာလဲ။

Tae-မောင်မို့လို့ မောင် ခေါ်တာပေါ့ မောင်ကလည်း။

အော် သူပြောမှပဲ ရှင်းတော့သည်။တကယ်ပဲ ဘာမှကိုမသိပဲအေးအေးချမ်းချမ်းလေး ဘာလို့များ ဒီလိုကြီးနေနေရပါလိမ့်။

Jk-မဟုတ်ဘူးလေ။ငါပြောတာ မင်းကဒီလောက် ကလေးဆန်တာ ငါ့ထက်ငယ်မဲ့ပုံပါ။

Tae-ငါ မောင့်ထက် သုံးနှစ်ကြီးတယ်။

Jk-ဟမ် တကယ်။

Tae-အင်း စကားကများလိုက်တာ။စားစရာရှိတာစား။

Jk တစ်ယောက် ဘာမှပြန်မပြောရဲ။ဒီသေးသေးလေးကို သူဘာလို့ ဒီလောက်ကြောက်ရသလဲ။ကြောက်တာလားဆိုတော့လည်းမဟုတ်ပြန်။ဒါဆို ချစ်တာများလား။

နှစ်ယောက်သား စားလို့ပြီးတဲ့နောက် နာရီကြည့်မိတဲ့အခါ နှစ်နာရီကျော်ကျော်သာ ရှိသေးသည်။

Jk-နှစ်နာရီပဲရှိသေးတယ်။ငါတို့ မင်းနေတဲ့တံတားပေါ်သွားကြမလား။လူရှင်းမယ်ထင်တယ်။

Tae-မောင် ငါ့ကြောင့်နဲ့အိပ်ချိန်ထိခိုက်မယ်လေ။

Jk-နေ့ခင်းဘက်တွေ အိပ်မှာပေါ့။

Tae-မင်းမိဘတွေ...

Jk-Hoseok Hyung ဆီသွားအိပ်မှာမို့ မပူနဲ့။

ထိုအခါမှ ထယ်ယောင်း စိတ်သက်သာရာရသည်။ငယ်ငယ်တုန်း အိပ်မက်မက်တာတောင် ရူးနေပြီလို့စွပ်စွဲခဲ့ကြတာမလား။ဘာပဲဖြစ်ဖြစ် သူ့ကြောင့်မို့ မြတ်နိုးရသူကို မထိခိုက်စေချင်ပါ။

တံတားဆီသို့ နှစ်ယောက်သားဘေးချင်းယှဉ်လျက် လမ်းလျှောက်ကြသည်။ထယ်‌ယောင်းက Jk အား အတွင်းဘက်မှလျှောက်စေသည်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now