Unicode Ver:
Hoseok-ငါ့ကို ရှင်းအောင်ပြောပြ!
Jk-ကျွန်တော့်အရင်ဘဝက အဖေက ထယ့်ကို ကားနဲ့တိုက်ပစ်ခဲ့တာ။
အကြောင်းစုံအား စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြကာမှ နားလည်သွားသော Hyung ပါပင်။
Hoseok-ဒါဆိုရင်တော့ မင်းတို့နှစ်ယောက် အကြောင်းက ထင်ထားတာထက် ရှုပ်ထွေးမှာပဲ။
Jk-ပြန်တော့မယ်။
စကားဆက်မပြောချင်တာနဲ့ လှည့်ထွက်ခဲ့လိုက်သည်။အခု ဘာဆက်လုပ်ရမလဲ။ဘာတွေဖြစ်နေတာလဲ။ထယ်က နာကျင်ရမှာသိရက်နဲ့ ထပ်ပြီးတူညီတဲ့အဖြေကို ပေးလိုက်တာလား။သူ မမှတ်မိတာ အနည်းအကျဉ်းသာ ကျန်တော့ပေမယ့် ကြားထဲက အရေးကြီးတဲ့အစိတ်အပိုင်းတွေသာ ပျောက်နေတာ။သူသာ အကုန်သိသွားရင် ထယ်ကတစ်ခုခုထိခိုက်မှာမို့လို့လား။
အတွေးပေါင်းများစွာနဲ့ ရှုပ်ယှက်ခတ်နေတုန်း တစ်ဖက်ကကောင်လေးမှာလည်း မျက်ရည်တွေနဲ့ ဝေခွဲရခက်နေခဲ့လျှင်...
At Tae's side:;
ထယ်ယောင်းတစ်ယောက် မောင့်ဆီက ပြန်အလာ တစ်နေ့က တွေ့ခဲ့တဲ့ အဘွားအိုနဲ့ တည့်တည့်တိုးတော့သည်။
*မင်း အချိန်တန်နေပြီ!*
Tae-ကျွန်တော် အခုမှ ပျော်ရွှင်စပြုမလို့လေ။
*မင်းကိုယ်တိုင် အဖြစ်အပျက်တွေကိုရင်နာနာနဲ့ ပြောပြရမှာကောင်လေး။ဒါဟာ ရှောင်လွှဲလို့မရတဲ့ သတ်မှတ်ချက်ပဲ။*
Tae-ကျွန်တော်လက်ခံတယ်။လက်ခံတာမို့ ခနလောက်ပဲဖြစ်ဖြစ် စောင့်ပေးပါလားဗျာ နော်
။*ဒါက ငါတတ်နိုင်တဲ့အရာ မဟုတ်ဘူး ကလေး။ငါကဖြစ်လာမှာတွေကို သတိပေးယုံပဲ။မင်းအခု မပြောပြရင် မင်းသိပ်ချစ်ပါတယ်ဆိုတဲ့သူက အကုန်သိသွားတဲ့အခါ မင်းမသိလိုက်တဲ့အချိန်မှာ လိုက်ခဲ့လိမ့်မယ်။မရူးမိုက်ချင်စမ်းနဲ့။သံသရာတစ်ကွေ့မှာ နှစ်ယောက်လုံးနာကျင်ရမှာ။ဖြစ်လေရာမှာနာကျင်ရမှာ။အဲ့တော့ နှစ်ဦးနှစ်ဖက်အတွက် မင်းအဆုံးသတ်ပါ။မဟုတ်ဘူး လုပ်ကိုလုပ်ရလိမ့်မယ်။*
Tae-ခင်ဗျား တကယ်ပြောနေတာလားဗျာ။
*မင်းရဲ့လက်ညှိုးက ငါပေးထားတဲ့လက်စွပ်လေးကိုကြည့်။ပိုင်ရှင်အစစ်ဆီ ရောက်ချင်လွန်းလို့ အရောင်လက်နေပြီ။ကဲ ငါပြောနိုင်တာအကုန်ပဲ။မင်းဆုံးဖြတ်ပေါ့။ငါသွားပြီ။*
YOU ARE READING
𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)
Fanfictionငါမောင့်ကိုချစ်တယ်။ Taekook(Unicode+Zawgi) Start date-8.12.2021 End date-20.1.2022