Part-16☁️

1.6K 161 18
                                    

Unicode Ver:

Tae-ငါရောက်ပြီ မောင်။

Jk-ထယ် မျက်နှာလည်း မကောင်းပါလား။ဘာဖြစ်လို့လဲ။ဘယ်နားနာလို့လဲဟင်။

Tae's pov:;

ရင်ဘတ်ထဲက အရမ်းနာတယ်မောင်။ဒါပေမဲ့ မောင်သာဘေးကင်းနေရင် ငါနာကျင်ရလည်း ပြသနာမရှိပါဘူး။မောင့်မျက်နှာလေးကိုကြည့်ရင်း ငါအံတုနိုင်မှာပါ။

ထယ်ယောင်းလည်း ဘာမှ မဖြစ်သလို ရယ်ပြလိုက်ရင်း...

Tae-ချစ်တယ် မောင်။အရမ်းပဲ။

ဟုဆိုကာ တင်းကျပ်မြဲမြံစွာ ဖက်ထားလိုက်သည်။Jkကလည်းပလိုက်သင့်လေးကျောကို ပုတ်ပေးကာ..

Jk-မပြောချင်မပြောပါနဲ့ ထယ်။မောင်မင်းကိုချစ်တာမို့ ဘာမဆို ခွင့်လွှတ်ပြီးသားပါ။
မောင့်ကိုသာ ထယ့်အနားကနေ တွန်းမထုတ်ပါနဲ့။

Jk's pov:;

ထယ် ဒီလိုတွေဝေနေရတဲ့ အကြောင်းအရင်းကိုတွေ့အောင်ရှာမှာမို့ ထယ်မပြောပြလည်းရတယ်။

Jk လည်းဖက်ထားရာမှခွာလိုက်ပြီး...

Jk-ဆယ့်တစ်ထိုးပြီ။မောင်တို့လျှောက်သွားကြမလား ထယ်။

Tae-ကြာသလားလို့မောင်ရယ်။

နှစ်ယောက်သား ခြံတံခါးအားကျော်တက်ရန် ပြင်နေကြသည်။ထယ်ယောင်း‌တစ်ယောက် အရင်လို တံခါးအားဖောက်ထွက်ရန် ကြိုးစားပါသော်လည်း လုံးဝဖြတ်လို့မရ။ထိုအခါကျမှ အဘွားအိုပြောတဲ့စကားထဲက သူသေချာမကြားလိုက်သော စကားကိုပြန်ပြီးတွေးမိသည်။

"သူအကုန်လုံးကိုသိလာခါနီးလေ မင်းရဲ့စွမ်းအားတွေလျော့နည်းလေ ဖြစ်မယ်။"

ဆိုတာပင်။ဘယ်တတ်နိုင်မလဲ။သူကိုယ်တိုင် ရွေးတဲ့လမ်းမို့ ကျေကျေနပ်နပ်ကြီးခံယူရမည်မလား။သူပျောက်ကွယ်မှာ တခြားသူရဲ့လက်ထဲမှ မဟုတ်ဘဲ။သူသိပ်ချစ်တဲ့မောင့်ဆီမှာလေ။

မောင့်ကိုလှမ်းကြည့်လိုက်တော့ သူဖြစ်နေတာကိုမြင်ဟန်မတူ။ ဝတ်ထားတဲ့ဘောင်းဘီက ကျပ်နေသဖြင့် ခွ၍ အဆင်မပြေဖြစ်နေသည်။အုတ်တံတိုင်းပေါ် ကားယားလေးဖြင့် မောင့်ရဲ့ပုံစံမှာ သစ်ပင်ပေါ်တက်ပြီး ပြန်မဆင်းတတ်တဲ့ ကလေးတစ်ယောက်လို။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now