Part-10☁️

2K 176 23
                                    

Unicode Ver:

Jk-ဂါးး ခွေးချီးတွေ။

အိပ်မက်ထဲမှာ အော်နေရင်းနဲ့နိုးလာသော Jk.ဘာမှမလုပ်နိုင်သေး သူခွေးချီးထောက်ထားတဲ့နေရာကိုကြည့်မိတော့ ဘယ်ကမှန်း မသိတဲ့ ကြောင်တစ်ကောင် သူ့ဘေးမှာ လာအိပ်နေသည်။

စိတ်ရှုပ်ရှုပ်နဲ့ ထိုကြောင်အား ဖင်ကိုခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး။

Jk-ကြောင်မသား အစုတ်ပလုတ် သွားထွက်သွား အိပ်ရာပေါ်ကနေ။

ဟုအော်ဟစ်ဆဲဆိုကာမောင်းထုတ်ပစ်လိုက်သည်။

Jk's pov:;

သတိရလာပြန်ပြီ ထယ်ရယ်။နာမည်အပြည့်အစုံ မသိသေး၊အကြောင်းအရင်းရေရေရာရာ မသိသေးတာတောင် ဘာလို့များ ဒီလောက်သတိရနေတာပါလိမ့်။

Jkလည်း အိပ်မပျော်တော့ဘဲ ဗိုက်ကလည်းဆာလာတာကြောင့် အမေချန်ထားမယ်ပြောတဲ့ ထမင်းစားရန် အောက်သို့ဆင်းခဲ့လိုက်သည်။ညဆယ့်နှစ်နာရီကြီးဖြစ်သောကြောင့် အမေတို့ကအိပ်နေပြီ။မှောင်မဲနေပေမဲ့လည်း မလိုအပ်တဲ့မီးတွေကို လိုက်မဖွင့်ဖြစ် တော်ကြာနေသူ့ကြောင့်အိပ်ရေးပျက်နေမှဖြင့်။

သွားနေရင်းနဲ့ အပေါ်ထပ်အခန်းကနေ လှေကား။ဆင်းရင်းနဲ့တစ်ဝက်လောက်ရောက်တော့ ခြေထောက်အောက်မှာ အိစိအိစိနဲ့ အရာ။

Jk's pov:;

ဘာကြီးတုန်း။မမြင်ရပါဘူးဆိုနေမှ။

တွေးလည်းတွေး ထိုခြေထောက်အောက်ကအရာကို လက်ဖြင့် ကိုင်ကာ အိမ်ရှေ့ဘက်က ထွန်းထားတဲ့မီးဆီသို့ သွားလိုက်သည်။ထိုမီးအောက် ရောက်မှ လက်ထဲက ဘာလဲ ကြည့်ရန် မြှောက်လိုက်စဉ် ပါလာတာက

*အိမ်မြှောင်။*

နဂိုတည်းက အိမ်မြှောင် ကြောက်တတ်ပါတယ်ဆိုမှ အခုသူက ဒါကြီးကို လှေကားကနေ ဒီအထိသယ်လာမိတာလား။ပုံမှန်တိုင်းဆို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အာဗြဲကြီးနဲ့ အော်လိုက်မိမှာပေမဲ့အခုတော့ ကိုယ့်ပါးစပ်အားကိုယ့်လက်နဲ့ပြန်အုပ်ကာ ကြိတ်အော်နေရသည့်အဖြစ်။ခိုးစားပါတယ်ဆို သူလုပ်တာနဲ့ တစ်အိမ်လုံးသိတော့မည်။

𝐹𝑖𝑟𝑠𝑡 𝑏𝑢𝑡 𝐿𝑎𝑠𝑡(Completed)Where stories live. Discover now