9

11.9K 1K 1
                                    

-Villainous King-9

ရုပ်တည်ကြီး ဖြင့်
စာအုပ်ကိုဇောက်ထိုးကိုင်ပြီး ဖတ်နေသည့်ဝမ်ရိပေါ်ကိုကြည့်ပြီး မင်ယောင်ခေါင်းခါလိုက်သည်။

''ဟေ့ကောင် စာအုပ်က ဇောက်ထိုးကြီး။''

ဝမ်ရိပေါ်စာအုပ်ကိုခပ်တည်တည်ဖြင့်
သာပိတ်လိုက်သည်။

''မင်း ငါ့ဆီဘာလို့လာအိပ်တာလဲ။''

ဒီနေ့ညတော့
လာမချော့သည့်သူ့လူကြီးကို မနေနိုင်တော့သောသူကဘဲသွားချော့မလို့ဆုံးဖြတ်ထားတာပင်။

''အိပ်ဆောင်မှာ တစ်ယောက်တည်းပျင်းလို့။''

''အမတ်ရှောင်း ဆီသွားအိပ်လေ။''

''တော်ပြီကွာ သူ့အကြောင်းမပြောနဲ့။''

''ဘာဖြစ်ထားလို့လဲ။''

''ဒီအတိုင်းဘဲ။''

''မဟုတ်မှ ဝမ်ရိပေါ် မင်းသူ့ကိုချစ်နေပြီလား။''

''ရူးနေလား။''

ရူးနေလို့ သူက လူပျော့လူညံ့တွေလို အချစ်မှာပျော်ဝင်ရမှာလား။

''မင်းရုပ်မင်းကြေးမုံထဲသွားကြည့်ပါဦးကွာ။လင်ပူမိနေတဲ့ရုပ်နဲ့။''

''တော်ပြီကွာ အဆောင်ပြန်တော့မယ်။''

ဆူအောင့်အောင့်ထွက်သွားသည့်
ဝမ်ရိပေါ်ကိုကြည့်ပြီးရီလိုက်သည်။

'' အချစ် ကိုယ်မှားပါတယ်ကွာ။''

ဝမ်ရိပေါ်ကိုကြည့်ပြီးရယ်နေတုန်း အနောက်မှ ရင်ခွင်ကျယ်ထဲ ဆွဲသွင်းခြင်းခံလိုက်ရသည်။ရုတ်တရက်ဆိုတော့ လန့်သွားပေမယ့် ရင်နှီးသည့်
အငွေ့အသက်တွေကြောင့် လူကြီးမှန်းချက်ချင်းသိကာ သိုင်းဖက်ထားသော လူကြီးလက်တွေကို ဆုတ်ကိုင်လိုက်ပြီးခန္ဓာကိုယ်ကို လူကြီးအပေါ်မှီချလိုက်သည်။

''ဟင့်အင်း လူကြီးမမှားဘူး။အချစ်မှားတာ။''

ပြီးနောက်အနောက်ကိုလှည့်ကာ လူကြီးမျက်နှာကိုအုပ်ကိုင်လိုက်သည်။

(ကြည့်ပါဦးညတိုင်းသွားချောင်းခဲ့တဲ့ မျက်နှာလေးက အနီးကပ်ကြ ပိန်သွားတာသိသာလိုက်တာ။)

Villainous King [Completed]Where stories live. Discover now