23

10.3K 924 17
                                    

-Villainous King-23

''စားသောက်ပွဲရှိတာသိတယ်မို့လား။''

ကုတင်ပေါ်မှာထိုင်နေသောကောင်လေးကိုကြည့်လိုက်တော့
ကာခေါင်းညိတ်ပြနေတာကြောင့်
ဝမ်ရိပေါ်ပြောလက်စကိုဆက်ပြောလိုက်သည်။

''နန်းတော်ထဲမှာစားချင်တာတွေစားလို့ရတယ်။မုကုံးကုံးကိုယူခိုင်း။ကိုယ်တော်ရှိမှာမဟုတ်ဘူး။''

''အရှင်ကဘယ်သွားမှာမို့လို့လဲ။''

''ကိုယ်တော် အလုပ်ရှိတယ်။အဲ့ဒီလိုသိထား။''

''အင်းပါ ။ဟုတ်ပြီ။''

ကုတင်ဘေးဘက်တိုးဖယ်ကာ သူ့ဖို့နေရာလွတ်လုပ်ပေးနေသည့်
ကောင်လေးကိုကိုဝမ်ရိပေါ်ဆက်ကြည့်နေလိုက်သည်။ ကောင်လေးက သူ့ကိုမေယ့ကြည့်ပြီး
နေရာလွတ်ကိုပုတ်ပြလာလေသည်။

''ကိုယ်တော် ရုံဟွားမှာမအိပ်ဘူး။''

''ဘာလို့လဲ။''

(ဒီခေါင်းသေးသေးလေးထဲမှာ
တကယ်ပဲ ဘာတွေများကြံနေလောက်မလဲ။)

အရင်ကတော့ထွက်သွားဖို့ အားသန်နေသလောက် အခုသူ့နားလိုက်ကပ်နေပြန်ပါပြီ။ကိုယ်တိုင်ကလည်းပစ်ပစ်ခါခါမလုပ်ရက်တော့ အလိုက်သင့်လေးနေပေးမိပြန်ရော။

(မင်းက သိပ်ခက်တယ် ကျန့်အာ။)

''အရှင်။''

''လိုတာရှိရင်မုကုံးကုံးကိုခေါ်လိုက်။''

''အရှင့်ကိုလိုတာဆိုရင်ရော။''

ဧကရာဇ်က သူ့ရဲ့စကားကိုဥပေက္ခာပြုပြီးထွက်သွားလေတာကြောင့်
ရှောင်းကျန့် နှုတ်ခမ်းကိုဖိကိုက်ထားလိုက်သည်။

.................

''သေချာဖွက်ထား တစ်ယောက်ယောက်မြင်သွားမယ်။နန်းတော်ထဲကိုဒီလိုဆေးတွေယူဆောင်ခွင့်မရှိဘူး။''

''ဟုတ်ကဲ့။''

ရှောင်းကျန့် ချွဲမင်ယောင်ပေးလာသည့်
အထုပ်လေးကို အောက်ခံ အင်္ကျီလေးထဲ ထိုးထည့်ကာဖွက်ထားလိုက်သည်။

''ကော. အရှင်က စားသောက်ပွဲနေ့ဘယ်သွားမှာလဲ။''

''အာ.သူကအဲ့ဒီနေ့ဆို နန်းတော်အပြင်ထွက်နေကြလေ။ပွဲတော်အဆင်ပြေမပြေလိုက်ကြည့်တာ။
တည်းခိုဆောင်မှာ တစ်ညအိပ်ပြီးမှပြန်လာတယ်။''

Villainous King [Completed]Where stories live. Discover now