25

10.5K 972 10
                                    

-Villainous King-25

မြင်နေရသည့် မျက်နှာကျက်အခင်း
ကြောင့် သူရောက်နေတာ နေရာစိမ်း
ဖြစ်ပြီး ရုံဟွားမဟုတ်ဘူးဆိုတာသိလိုက်ရသည်။

မျက်ချေးတွေဖြင့် ပိတ်နေသော
မျက်လုံးတွေကို လက်ဖြင့် ပွတ်လိုက်ပြီးပတ်ဝန်းကျင်ကိုပြူးပြဲ ကြည့်လိုက်သည်။
လှုပ်လိုက်တာနဲ့ အောင့်တက်လာသော
ခါးအောက်ပိုင်းကြောင့် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အသည်းအသန်ပြန်စဥ်းစားရတော့သည်။

ဆေးခတ်မှားတာကိုသတိရမိတော့ မျက်နှာကို ဖက်ခနဲ ရိုက်ချလိုက်သည်။

မှတ်မိတာ လူတစ်ယောက်။
မှောင်မှောင် မည်းမည်းထဲက အထိအတွေ့တွေ။

''အရှင်များလား။အရှင်ကရောဘယ်ရောက်သွားတာလဲ။''

ကြမ်းပြင်ပေါ်ခြေ ချလိုက်သောအခါ
ကျောရိုးတစ်လျှောက် ကျဥ်ခနဲ ပင်။

''အ့ နာလိုက်တာ ။''

နာကျင်ခြင်းတွေကို သည်းခံပြီး ရေချိုးခန်းသို့ ရောက်အောင်လျှောက်သွားလိုက်သည်။

''အားးးးးး!!!!''

ကြေးမုံမှာပေါ်နေသော သူ့ခန္ဓာကိုယ်ကိုကြည့်ပြီး ရှောင်းကျန့် အကျယ်ကြီးအော်လိုက်မိသည်။
အတွင်းဝတ်ကို ဟကြည့်လိုက်တော့ ခရမ်းရောင် လက်ရာတွေအပြည့်
ထင်နေလေသည့် သူတင်ပါး။

ဒီလောက်ဆိုသိလိုက်ပြီ သူမနေ့ညက ဧကရာဇ်နဲ့ အတူနေခဲ့တယ်ဆိုတာ။

သူကြံထားသည့်
အတိုင်း ဖြစ်သွားတာလားဆိုပြီး တွေးမိလေတော့ မျက်နှာ ထက် အပြုံးတို့ဖြစ်ပေါ်လာ၏။

''အရှင်က ကြမ်းလိုက်တာ ဟိဟိ။''

ရှောင်းကျန့် သီချင်းလေး တညီးညီးဖြင့်
ရေနွေးလေးစပ်ပြီးရေ
ချိုးလိုက်သည်။

ပေါ့ပါးသွားသည့် ခန္ဓာကိုယ် ဟာအိပ်ရာထကာစကလောက်မနာတော့ပေ။

''အယ် ...ဒါဘာကြီးလဲ။''

ခေါင်းအုံးပေါ်တင်ထားသော
စာရွက်ဝါကြီးကိုကောက်ကိုင်လိုက်သည်။
မနက်က သူဒါကြီးကိုမမြင်မိခဲ့ပါဘူး။

''မနေ့ညက ကောင်းခဲ့ပါတယ် ။ကိုယ့်ရဲ့ကြောင်ရိုင်းလေး။''

(ကြောင်ရိုင်လေး!!ကိုယ့်ရဲ့ ကြောင်ရိုင်းလေး!!!)

Villainous King [Completed]Donde viven las historias. Descúbrelo ahora