29

10.4K 947 16
                                    

-Villainous King-29

''ဝမ်ရိပေါ် ဒါငါ့ညီ ချွဲမင်ယော့ ''

ချွဲမင်ယော့ သူအိမ်ရှေ့စံကိုမြင်ဖူးချင်နေခဲ့တာကြာပြီ။
(ဒီလို နတ်သားလေးမှန်းသိရင်စောစောလာတွေ့ပါတယ်။)

''ဟီးဟီ အိမ်ရှေ့စံကိုအရိုအသေ ပြုပါတယ်။''

ဝမ်ရိပေါ် သူ့ကိုဘလင်းဘလင်းထနေသည့် မျက်ဝန်းတွေဖြင့်
ကြည့်နေသော
ကလေးကို ခေါင်းညိတ်ပြလိုက်သည်။

မင်ယောင် ဝမ်ရိပေါ်ကိုငမ်းနေတဲ့
သူ့ညီကိုနောက်စေ့ပိတ်ရိုက်လိုက်သည်။

''အစ်ကိုမင်းငါ့ကိုအနိုင်မကျင့်နဲ့ ငါ
အိမ်ရှေ့စံနဲ့တိုင်မှာနော်။''

မင်ယောင် သူ့ညီကိုလျှာထုတ်ပြောင်ပြလိုက်ပြီး ထားခဲ့လိုက်သည်။နန်းတော်ထဲအတင်းလိုက်ချင်တယ်ဆိုလို့
ခေါ်လာတာ သူအေးဆေးမကစားရပေ။ အိမ်ရှေ့စံနဲ့ မိတ်ဆက်ပေးဆိုပြီး ပူဆာပြန်တာကြောင့် သူလည်းမိတ်ဆက်ပေးလိုက်သည်။

'' အိမ်ရှေ့စံ ကျွန်တော်တို့အတူကစားကြမလား။''

''ငါ စာကြည့်ချိန်ရောက်တော့မှာ။''

ထွက်ခါသွားသည့်
အိမ်ရှေ့စံရဲ့ကျောပြင်ကိုကြည့်ပြီး
မင်ယော့တိုးတိုးလေးရေရွတ်လိုက်သည်။

''ဒီနေ့ကစပြီး အိမ်ရှေ့စံကိုကျွန်တော်လိုက်ပြီ''

................

'' အိမ်ရှေ့စံ ဒီဟာလေးစားကြည့်ပါလား။''

''ဗိုက်မဆာဘူး။''

.................

''အိမ်ရှေ့စံ လ က လှလိုက်တာနော်''

(လက လှလိုက်တာနော် ဆိုတာ တနည်းအားဖြင့် ဖွင့်ပြောသည့်စကား)

''မမြင်ရဘူး တိမ်တွေ
ဖုံးနေတယ်။''

မင်ယော့ ထိန်ထိန်သာပြီး ပြူးပြူးကြီးလင်းနေသော
လမင်းကြီးကိုပဲ မျက်စောင်းထိုးပစ်လိုက်သည်။

.................

''အိမ်ရှေ့စံ ''

မင်ယော့ သူခေါ်တာပြန်မထူးဘဲ စာဆက်ရေးနေသော အိမ်ရှေ့စံကိုမေးထောက်ပြီး ကြည့်နေလိုက်သည်။

Villainous King [Completed]Where stories live. Discover now