19

10.1K 992 13
                                    

-Villainous King-19

''ရုံဟွားတစ်ဆောင်လုံးကို ကြိမ်ဒဏ် ၂၀ဆီပေးလိုက်။''

''အရှင်။''

အသက်ကြီးနေပြီဖြစ်သော
မုကုံးကုံးအတွက် မိုး.တောင်းဆိုမိ၏။

''တော်စမ်းမိုး ဆုံးရှုံးသွားတာက
ကိုယ်တော့်သွေးသား ။ကိုယ်တော်ဘယ်သူ့မျက်နှာမှထောက်မှာမဟုတ်ဘူး။''

မုကုံးကုံးက ခေါင်းညိတ်ပြလေတာကြောင့်မိုး.စောတက မတတ်ဘဲနေလိုက်တော့သည်။

''အချုပ်ခန်းကိုသွားမယ်။''

သားသမီးဇော
ကပ်နေသည့် ဧကရာဇ်ကိုကြည့်ကာ
မုကုံးကုံး သက်ပြင်းချလိုက်သည်။

(တောင်းပန်ပါတယ် ဒီလူကသေချာစောင့်ရှောက်မပေးမိခဲ့တဲ့အတွက်။)

.................

''နှိုးလိုက်။''

ဧကရာဇ်ရဲ့စကားအဆုံး ဆားဖြင့်ဖျော်ထားသောရေပါရှိသည့် ပုံးကို
ရဲမက်တစ်ယောက်က ကောက်ကိုင်လေသည် ။ပြီးနောက်
ကျိုးရန် ရဲ့မျက်နှာ တည့်တည့်ကိုပက်လေသည်။
နှိပ်စက်ခံထားရသော
ဖူးယောင်အက်ကွဲနေသည့် ဒဏ်ရာတွေဟာ ဆားရည်နဲ့ထိလေတော့
ကျိုးရန်ကို ဝေဒနာ တိုးကာ နိုးထလာစေ၏။

ကျိုးရန် အရှေ့တည့်တည့်တွင်
ထိုင်နေ သည့် ဧကရာဇ်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ဆိုလိုက်သည်။

''ခမည်းတော် ဆိုတဲ့လူဘဲ။''

''ဘာလို့ရှောင်းကျန့်ကိုထိခိုက်အောင်လုပ်ခဲ့တာလဲ။''

''ဟက်။''
ဖူးယောင်နေသော ဒဏ်ရာတွေနဲ့
ကျိုးရန်ဟာ လူရုပ်တောင် မပေါက်တော့ပေ။

''အတူထွက်ပြေးဖို့လုပ်ခဲ့ကြတာ။ မတော်တဆမှုသာမဖြစ်ခဲ့ရင်
ရှောင်း က အခုလောက်ဆို
ကျွန်တော့် ရင်ခွင်ထဲမှာ အိပ်စက်နေ
လောက်​ပြီ။ အစတည်းက
ရှောင်း.က ကျွန်တော့်အပိုင်။''

မစားရသည့်
အမဲသဲနဲ့ပက်တတ်သည့်
ကျိုးရန်ရဲ့ အကျင့်ဟောင်းဟာထွက်ပေါ်လာလေသည်။

''မဟုတ်ဘူး ။မင်းအပိုင် မဖြစ်ခဲ့ဘူး။

ဖြစ်မလိုဖြစ်ခဲ့ရုံဘဲ အဲ့ဒီထက်မပိုခဲ့ဘူး!။''

Villainous King [Completed]حيث تعيش القصص. اكتشف الآن