15

11K 986 14
                                    

-Villainous King-15

''သိပြီ။''

ကျိုးရန်.ထွက်သွားသည်နှင့်
ချန်းယွဲ့ ထိုင်ခုံပေါ်ကို အားတင်းပြီးထိုင်ချလိုက်သည်။ ချစ်ရသူက တခြားသူ
နှင့်သွေးသားတည်ရှိနေတာက သူ့ကို အလွန်ဝမ်းနည်းစေသည်။
သူမ.ဧကရာဇ်နဲ့ရင်းနီးဖို့ကြိုးစားဖူးသည်။
ဧကရာဇ်ကသူမကိုအကြောင်းအမျိုးမျိုးပြကာ. အမြဲရှောင်ထွက်သွားလေ့ရှိသည်။

အမတ်ရှောင်းသာမရှိရင်ရပြီ ဟု သူမကိုယ်သူမဖြေသိမ့်လိုက်သည်။

...............

ကြေးမုံရှေ့မှာ ရပ်ပြီး ဗိုက်ကိုကိုင်ကြည့်နေသော ကောင်လေးကြောင့် ဝမ်ရိပေါ်
ထိပ်ထိပ်ပျာပျာ ဖြစ်သွားမိ၏။သူက တစ်လလောက်ထပ်ပြီး
ဖုံးကွယ်ထားချင်သေးတာ ပင်။

ကိုယ်ဝန်ရင့်သွားရင် သူစိတ်ချရပြီဖြစ်သည်။ အဲ့ဒီအချိန်ကျရင်ကောင်လေးက ဘာမှတတ်နိုင်မှာမဟုတ်တော့
ပေ။
သူ့ရင်သွေးကို တစ်ခုခုလုပ် ပစ်လိုက်ရင်ဆိုသည့် အတွေးများသာ သူ့ခေါင်းထဲမှာကြီးစိုးနေလေ၏။

''ဘာဖြစ်လို့လဲ ကျန့်အာ။''

''ကျွန်တော် ဝလာသလိုခံစားရလို့။''

'' ကျန့်အာ စိတ်ထင်လို့နေမှာပါ။''

ရှောင်းကျန့် လက်ဖက်ရည်ထိုင်သောက်နေသည့် ဧကရာဇ်ကိုခေါင်းစောင်းပြီး
ကြည့်လိုက်သည်။ ဧကရာဇ်က သဝဏ်လွှာတွေလည်း မဖတ်သလို ဘာမှမလုပ်ဘဲ သူ့ဆီမှာသာ တစ်နေကုန်လာနေ.နေတာ သုံးလေးရက်ရှိပြီဖြစ်သည်။
သူ့ကို အတူနေရန် မတောင်းဆိုသည်မှာလည်း အတော်ကြာနေပြီပင်။

မတောင်းဆိုတာက တခြားသူတွေဆီကရနေလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။

''အရှင်.အလုပ်မရှိဘူးလား။''

သဝဏ်လွှာတွေ ထိုင်ဖတ်နေရသော
မိုး.သာ ဒီစကားကိုကြားရင်
အပြုံးလှလှလေး ပြုံးပြလိမ့်မည်မှာ အသေချာပင်။ အလုပ်တွေပစ်ကာ ရှောင်းကျန့် အနားသာ
ကပ်နေသည့် ဧကရာဇ်ကြောင့် သူ့မှာ စိတ်ကောက်ပြီးအိမ်တော်ပြန်သွားတဲ့သူ့အချစ်ကိုတောင် သွားမချော့အား။
အချစ်က သူ ခိုးမပြေးခဲ့သည့် ကိစ္စနှင့်
ပက်သက်ပြီးအခုထိအခဲမကျေသေး
ပေ။
သူ့ရဲ့ ဒုက္ခကမသေးလှ
ဖတ်ထားသော သဝဏ်လွှာတွေကို ဧကရာဇ်ကိုပြန်တင်ပြရသေးသည်။

Villainous King [Completed]Tahanan ng mga kuwento. Tumuklas ngayon