17

10.3K 923 4
                                    

-Villainous King-17

''စကားကိုဆင်ခြင်ပြီးပြောပါ ။ဒါတွေက အတိတ်တွေပါ။အတိတ်မှာတော့ လူတိုင်းမှားဖူးကြတာဘဲ ဟုတ်တယ်မဟုတ်လား။''

သွားကြားထဲကလေသံဖြင့်
ပြောလာသည့် ဧကရာဇ်ကြောင့်
မိဖုရားယွီ ငြိမ်ကျသွားလေသည်။

ရှောင်းကျန့် မျက်စောင်းထိုးမှ
ထိုင်ပြီးသူ့ကို စိုက်ကြည့်နေသော
ကျိုးရန်ကြောင့် ဝတ်ရုံစကိုတင်းနေအောင်ဆုတ်ထားလိုက်မိသည်။

ကျိုးရန် ရှောင်း ဝင်လာကတည်းက
ကြည့်နေမိတာ ။တကယ်ဆို ရှောင်း
ကိုသူပိုင်ဆိုင်ခဲ့ရမှာ။အရမ်းလှလာတဲ့ရှောင်း ကြောင့် နှမြောတသပိုဖြစ်ရလေသည်။
သူ မယ်တော်ရဲ့စကားကိုနားမယောင်ခဲ့​သင့်ဘူး။

(ရှောင်း.ကိုယ်နောက်မကျသေးဘူးမဟုတ်လား ။ဘာမှမပိုင်ဆိုင်ရင်နေပါ ရှောင်း.ကိုတော့ ကိုယ်ပိုင်ချင်မိတယ်။)

ကျိုးရန်က ကောင်လေးကိုသာ စိုက်ကြည့်နေလေတာကြောင့်
ဝမ်ရိပေါ် မေးကြောတွေထောင်သည်အထိ အံကြိတ်ထားလိုက်မိသည်။

''နန်းတော် မိခင်နေရာလွတ်လပ်နေတာကမကောင်းဘူး။''

အမတ်တွေ အကုန်လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။

ဧကရီတင်ဖို့ပြောတုန်းကငြင်းခဲ့သည့်
ဧကရာဇ်က အခုမှ မကောင်းဘူးဘာညာနဲ့ ဘာတွေထဖြစ်နေတာလဲ။

''ကိုယ်တော် ဆုံးဖြတ်ပြီးပြီ.
ရှောင်းကျန့်ကို ဧကရီမြှောက်မယ်။ဆန့်ကျင်တဲ့သူ စုရင်းမှာ ၅နှစ်တာဝန်ထမ်းဆောင်ရမယ်။''

''အရှင်!!။''

ရုံဟွားမှာ လိုမှတ်ပြီး အော်ခေါ်နေသည့် ကောင်လေးက ညီလာခံမှာဆိုတာမေ့လျော့နေသလား။ဝမ်ရိပေါ် အကြည့်စူးစူးဖြင့် ကြည့်ပေးလိုက်တော့မှနေရာမှာ ပြန်ထိုင်သွားလေသည်။

ကြမ်းတဲ့နယ်မြေမှာ တာဝန်မထမ်းဆောင်ချင်ကြသည့် အမတ်တွေဟာတိတ်ဆိတ်ခြင်းဖြင့် လက်ခံကြောင်းပြလေသည်။


...............

''ဘာ!!!''

ဦးလေး လူယုံရဲ့ ပြောစကားကြောင့်
ချန်းယွဲ့ သောက်လက်စ ရေနွေးခွက်ကို ကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်သည်။
ကိုက်ထားမိ သည့်လျှာပြား
ကြောင့် ပါးစပ်ကလည်းသွေးအရသာရနေလေ၏။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားမိတော့ လက်သည်းရှည်တွေဟာ လက်ဖဝါးထဲကိုစိုက်ဝင်ကုန်လေသည်။

Villainous King [Completed]Where stories live. Discover now