14

11K 1K 6
                                    

-Villainous King-14

''ကောင်းပြီ ငါပယ်ဖျက်ပေးမယ်။''

''မနက်ဖြန် မယ်မယ်နဲ့ အတူ လာ
နှုတ်ဆက်ပါ့မယ်။''

''အင်း။''

ဝမ်ရိပေါ် ကျိုးရန်ထွက်သွားသည်နှင့် နားထင်ကို တစ်ချက်ဖိလိုက်သည်။

(စိတ်တွေရှုပ်လိုက်တာ။)

................

''ကျွန်တော် ဒါကြီး မသောက်ချင်ဘူး။''

''အရှင်က ဝင်အောင်တိုက်ရမယ်လို့ မှာသွားပါတယ်။

ကျွန်တော်မျိုးတို့ကို သနားပါ။''

ရှောင်းကျန့် ကြွေခွက်ဖြူထဲမှ ဆေးတွေကိုကြည့်လိုက်ပြီး နှာခေါင်းရှုံကာ
ကောက်မော့ပစ်လိုက်သည်။

ခါးလွန်းလှသော အရသာကြောင့် လျှာကို အပြင်ဘက် ဆန့်ထုတ်လိုက်မိ၏။

မုကုံးကုံး သက်မချလိုက်ကာ ကြွေဖြူခွက်ကို ကောင်လေး လက်ထဲမှ ပြောင်းယူလိုက်သည်။

(နောက်ဆုံးတော့သောက်ပြီ။)
ဧကရာဇ်က.သန္ဓေအောင်ဆေးကို အားဆေးဟုဆိုကာ
ကောင်လေးမသိအောင်တစ်နေ့ တစ်ခွက် သူ့ကို.လိမ်တိုက်စေသည်။

''အမတ်ရှောင်း ကျန်းမာရဲ့လား။ ဘာဆေးတွေသောက်နေရတာလဲ။''

လေသာဆောင်ကို ရောက်လာသော ချန်းယွဲ့ကို ရှောင်းကျန့် အရိုအသေထပေးလိုက်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်။

''ထိုင်ပါ။ စိတ်ပြေလက်ပျောက်စကားလေးပြောရအောင်။''

ရှောင်းကျန့် ခေါင်းအသာညိတ်ကာ နေရာမှာ ပြန်ထိုင်လိုက်သည်။

သွယ်လျနေသော လက်မောင်း။ မထူမပါး နှုတ်ခမ်းလေး ။သိမ်ရာမှ ကားသွားသည့် တင်ပါး။ ဖြောင့်ဆင်းနေသောဆံနွယ်တွေ။ဝတ်ရုံအောက်မှငုတ်စိလေးထွက်နေပေါ်သည့်ခြေချောင်းလေးတွေ။အိုး ..ရှောင်းကျန့်က
အပြစ်ပြောစရာကိုမရှိဘူးဘဲ။

ပုခုံးကားကားလေးပေါ်တင်ထားသော ခရမ်းဖျော့ရောင်ဝတ်ရုံ ၊တဝက်ထုံးထားသောဆံထုံးမှာ ထိုးထားသော ဆင်စွယ်ရောင်ဆံထိုး တို့နှင့်
ရှောင်းကျန့်မှာ အသရေတင့်နေလေ၏။

Villainous King [Completed]Where stories live. Discover now