7

12.3K 1.1K 15
                                    

-Villainous King-7

''ကိုယ်တော့်ကိုသားဖောက်စက်ကြီးများ မောင်မင်းတို့ထင်နေသလား!!။''

ညီလာခံအတွင်း
ဧကရာဇ်ရဲ့အသံက ကြောက်မက်ဖွယ်ဟိန်းထွက်လာ၏။

''ကျွန်တော်မျိုးတို့က နန်းသွေးကို စိတ်ပူလို့လျှောက်တင်ရကြောင်းပါ။''

''အမတ်ချန်း ပြောတာမှန်ပါတယ်အရှင်။အရှင် ကိုယ်လုပ်တော် ချွဲအဆောင်မှာ အပတ်တိုင်းအိပ်ဆောင်ဝင်ပေမယ့်နန်းသွေးက ရှိမလာဘူး။
ဒါက နတ်ဘုရားတွေရဲ့ ကောင်းချီးအလုပ်မဖြစ်တာလို့ထင်ပါတယ်။''

''ဒါကြောင့် ချန်းအိမ်တော်က သခင်မလေးကို မိဖုရားမြှောက်တော်မူပါအရှင်။''

သူ့တူမကို ငါ့ဆီလာထိုးကြွေးနေတာဘဲ။ဝမ်ရိပေါ် တစ်ချက်ပြုံးလိုက်ကာ

''နန်းသွေးက မကြာခင်ရလာတော့မှာပါ ကိုယ်တော်ညတိုင်းကြိုးစားနေတယ်။''

ဟု ကောင်လေး
ကို ကြည့်ကာပြောလိုက်သည်။

ရှောင်းကျန့် သူ့ကို အဓိပ္ပာယ် ပါပါ
ကြည့်ပြောနေသည့် ဧကရာဇ်ကို
ဆက်ကြည့်မနေတော့
ဘဲ အကြည့်လွှဲကာ ခေါင်းငုံနေလိုက်သည်။

''ချန်းအိမ်တော်က သခင်မလေးကို ကိုယ်လုပ်တော်မြှောက်မယ်ဆိုရင်ရော။''

အမတ်ချန်းရဲ့ မျက်နှာ ကွပ်ကနဲ ပျက်သွားလေသည်။
သူကသူ့တူမကိုမိဖုရားမြှောက်စေချင်တာပင်။ကိုယ်လုပ်တော်ဆိုတာ နိမ့်ကျလွန်းတယ်။

ဧကရာဇ်က လက်ခံလိုက်တော့ ကိုယ်လုပ်တော် ကိစ္စ ကိုအမတ်တွေ အဒွန့်မတတ်ရဲကြတော့ပေ။

............

''အရှင် ကျွန်တော်ရေးလို့မရတော့ဘူး။''

ရှောင်းကျန့် စုတ်တံကိုချလိုက်ပြီး
သူ့ကိုပေါင်ပေါ်တင်ထားကာအလုပ်ရှုပ်နေသည့် ဧကရာဇ်ကို ​လှည့်
ပြောမိ၏။

''မင်းကို ကိုယ်တော်
မနှောင့်ယှက်ဘူးလေ
ကျန့်အာ။''

ဒါနှောင့်ယှက်နေတာဘဲလေ လို့ ပြန်မပြောတော့ပါဘူး။သူအဒွန့်တက်လိုက်မိလို့ ဒီနေရာမှာအိပ်လိုက်ရတာမျိုး မဖြစ်ချင်ဘူး။

Villainous King [Completed]Onde histórias criam vida. Descubra agora