2

17.1K 1.4K 9
                                    

-Villainous King-2

နွေဦးပေမယ့် မနက်ခင်းရယ်မို့ ချမ်းစိမ့်စိမ့်သာ။

ဒါကြောင့် ရှောင်းကျန့် မျက်နှာသစ်ရန်
ရိုးရိုးရေကိုရေနွေးလေး
ရောကာပြင်ဆင်လိုက်သည်။

သူမျက်နှာသစ်​နေစဥ်မှာ အိမ်ထဲသို့
လူတစ်ယော​က် မြင်းဒုန်းစိုင်းစီး​ကာဝင်ရောက်လာလေသည်။

''မင်းသားကျိုး ရှိလား။''

''အာ အခန်းထဲ..။''

သူ့စကားမဆုံးခင်မှာပင်
ထိုလူက သူညွှန်ပြလိုက်သော
အခန်းအတွင်းဝင်သွားလေပြီ။
ထိုလူပြန်သွားပြီး
ခဏအကြာကျိုးရန်နှင့်  သူ့ယောက္ခမက နန်းတွင်းကို ခဏသွားရမယ်ဟုဆိုကာ ထွက်သွားကြလေသည်။
ကျိုးရန် မျက်နှာမကောင်းတာသတိထားမိပေမယ့်သူလည်း ထွေထွေထူးထူး မမေးဖြစ်ခဲ့ဘူး။

...........

ညနေရောက်တော့ နန်းတော်မှ ရဲမက်တွေဟုဆိုကာ လူအမြောက်အများဝင်ရောက်လာလေသည်။ဝေါယာဥ်ပေါ်မှ ခါးကုန်းနေသောလူကြီးတစ်ယောက် ဆင်းလာပြီး အမိန့်တော် ဟု အော်ကာ စာရွက်အရှည်ကြီးကို ထုတ်ဖတ်လေသည်။
ဖတ်သွားသည့် စကားလုံးတွေ ထဲမှာမှ
သူကြားလိုက်တာ'ပုန်ကန်တယ်' ဆို
သောစကားလုံးတစ်လုံးတည်းသာ။
ဘုရင်ကို ပုန်ကုန်ဖို့ ကြံစည်ရုံမျှတင်ဆွေးစဥ်မျိုးဆက် ၇ဆက်လုံး အသတ်ခံရမှာဖြစ်သည်။ရဲမက်တွေက တစ်အိမ်လုံးကိုပတ်ရှာလေသည်။
ပြီးနောက်ပုန်ကန်ဖို့ လုပ်ထားသော အထောက်အထားတွေ ဘယ်ကမှန်းမသိထွက်လာလေသည်။
သူသိလိုက်တာ သူတော့သွားပြီ။
သူ့ယောက်ျားနဲ့ ယောက္ခမကသူ့ကို စွန့်ပစ်ကြပြန်​ပြီ။သူ့ရဲ့အမေလို သူ့ရဲ့ အဖေတော်တဲ့လူလို။တဆက်တည်းတွေးမိလိုက်တာက သူဝဋ်ကျွတ်သွားပြီ ဟူ၍ပင်။

............

ခဏအကြာ ဝေါယာဥ် တစ်စီးရောက်လာပြီးခါးကုန်းကုန်း လူကြီးက သူ့ကို တက်ဖို့ပြောလေသည်။
သူအသာတကြည်သာ  တက်ထိုင်လိုက်
သည်။

အပြစ်သားကို ဝေါယာဥ် အနီရောင်ကြီးနဲ့ လာကြိုတာ သူစိတ်ထင်လို့ဘဲလားမသိတော်တော်ထူးဆန်းတာပင်။

''ရောက်ပါပြီ။''ခါးကုန်းကုန်း လူကြီးရဲ့ အသံကိုကြားလိုက်ရပြီးနောက် ဝေါယာဥ်အတွင်းကို လက်တစ်ဘက်ဝင်ရောက်လာလေသည်။
  အနည်းငယ် ကြောင်သွားပေယ့် အရဲစွန့်ကာ လက်ကို လှမ်းကိုင်လိုက်ပြီး ဝေါ်ယာဥ်ပေါ်မှဆင်းလိုက်သည်။
သူရောက်နေတာ နန်းရင်ပြင်လို့ ခေါ်သည့်နေရာထင်ပါ့။နန်းတော်ကြီးကလည်း အရမ်းကို ခမ်းနားတာပင်။စိတ်မကောင်းတာက သူက သေတော့မယ့်လူတစ်ယောက်ဖြစ်နေတာပါဘဲ။ဒီလို ကြီးကျယ်ခမ်းနားမှု တွေ
ကို မသေခင်တခဏလေးမှာမြင်ခွင့်ရတာက သူကံကောင်းတာလား။

Villainous King [Completed]Donde viven las historias. Descúbrelo ahora