24

10.6K 965 12
                                    

-Villainous King-24

~ဂျွတ်~

အပြင်မှ အသံကြောင့်
ဝမ်ရိပေါ်  အတွင်းဝတ်ကိုအသာလေးပြန်ဝတ်လိုက်သည်။

''လုပ်ကြံသူလား ။''

နန်းတော်အပြင်ခဏခဏထွက်နေကြ ပေမယ့် တစ်ခါမှဒီလိုမကြုံဖူးပေ။

ရေချိုးခန်းတံခါးကိုအသာလေးဟကာချောင်းကြည့်လေတော့ ကုန်းကုန်းကွကွ အလုပ်ရှုပ်နေသည့် ကောင်လေးကိုတွေ့လိုက်ရသည်။

''ကျန့်အာ!။''

သူအံ့သြလွန်း၍
အသံတောင်ထွက်မိသွားသည်။ကောင်လေးက ဟိုကြည့်ဒီကြည့်လုပ်ကာ သူ့ရေနွေးခွက်ထဲ ဆေးမှုန့်တွေလောင်းထည့်နေလေသည်။

''ဘာလုပ်တာလဲ ။အဆိပ်တွေလား''

ဝမ်ရိပေါ်ခေါင်းထဲ ခပ်ကြောင်ကြောင်အတွေးတစ်ခုဝင်လာလေသည်။

ကျိုးရန် အတွက်သူ့​ကိုသတ်ပြီး လက်စားချေမလို့များလား။
ဆစ်ကနဲ အောင့် လာသည့်
ရင်ဘက်ကို ဥပေက္ခာ ပြုပြီး ကောင်လေးလုပ်သမျှကို သာဆက်ကြည့်နေလိုက်သည်။

သူဘာသာထည့်ပြီး တောင်ကြည့်မြောက်ကြည့်သူ့ဘာသာကောက်မော့လေတော့ ဝမ်ရိပေါ် ပါးစပ်မှ  'ဟာ'ဟု ရွတ်လိုက်မိသည်။

ကောင်လေးက
ခိုးကြောင်ခိုးဝှက်ပြန်ထွက်သွားလေ၏။

ဝမ်ရိပေါ် ရေချိုးခန်းမှ ထွက်လာပြီး
ကောင်လေးသောက်သွားသော ခွက်အလွတ်ကိုနမ်းကြည့်လိုက်သည်။

''ဖွီးး ကာမအားတိုးဆေးတွေ။''

ဝမ်ရိပေါ် ခေါင်းယမ်းပြီး
အော်ရယ်မိ၏။
ကောင်လေးက  သူနဲ့အတူနေရန်
ဘာကြောင့်
အဲ့လောက်ကြိုးစားနေလဲဆိုတာ သူ
မသိပေမယ့်  ရင်ထဲကျေနပ်နေမိသည်။

''အင့် ဟ့ ။''

ဟိုဘက်အခန်းမှ စကြားရနေရပြီဖြစ်
သော အသံတွေကြောင့် ဝမ်ရိပေါ် အပေါ်ဝတ်ရုံကိုကောက်လွှားပြီးသာထွက်ခဲ့လိုက်သည်။

..................

''ဟာ့ ။''

ဝမ်ရိပေါ် လက်ညှိုးကို ပါးစပ်ထဲထည့်ကာတံတွေး စွတ်လိုက်ပြီး တံခါးမှ ဆီစိမ် စက္ကူကိုထိုးဖောက်လိုက်သည်။
အထဲကိုချောင်းကြည့်လေတော့
အကောင်းဆုံးမြင်ခွင်းကိုတွေ့မြင်ရလေသည်။

Villainous King [Completed]Tahanan ng mga kuwento. Tumuklas ngayon