31

10.7K 954 31
                                    

-Villainous King-3

''ဧကရီ ''

မှိုင်တွေနေသော
ရှောင်းကျန့် မုကုံးကုံးရဲ့ခေါ်သံကြားမှ သတိဝင်လာမိသည်။

''မသက်မသာဖြစ်နေတာဆိုရင် သမားတော်ခေါ်လိုက်မယ်လေ။''

''ကျွန်တော်အဆင်ပြေပါတယ်။''

''ဧကရီ ကိုယ်ဝန်ရှိနေတာများလား။''.

''ဟင် ကိုယ်ဝန်။''

သူဖြစ်နေတာ ကိုယ်ဝန် လက္ခဏာတွေဆိုတာ မုကုံးကုံးပြောမှ သတိရသည်။

ဒါဆိုသူ ကိုယ်ဝန်ရှိနေတာလား။

''မုကုံးကုံး သမားတော်အမြန်သွားခေါ်လိုက်ပါ အရှင်မသိစေနဲ့။ တကယ်မရှိရင် အရှင့်ကို စိတ်မပျက်သွားစေချင်ဘူး ။တကယ်ဆိုရင်တော့
အရှင်အံ့သြ သွားအောင် ကျွန်တော်ကိုယ်တိုင်ပြောပြချင်လို့။''

''ကောင်းပါပြီ ။''

မုကုံးကုံးထွက်သွားသည်နှင့်
ရှောင်းကျန့် သူ့ဗိုက်ကို လက်ဖြင့် ဖွဖွ ပွတ်သပ်လိုက်သည်။

(တကယ်သာရှိနေရင်
ဒီတစ်ခါ​တေ့ာ သေချာဂရုစိုက်ပါ့မယ် ကလေးလေး။)

..................

''ကိုယ်ဝန်ရှိနေတာမှန်ပါတယ် ဧကရီ။နှစ်ပါတ်ပါ။''

ရှောင်းကျန့် နားထဲ သံရေပူတွေလောင်းချလိုက်သလိုပင်။လွန်ခဲ့သော နှစ်ပါတ်ဟာသူနန်းတော် အပြင်သွားခဲ့သည့် နေ့မဟုတ်ပါလား။

ဧကရာဇ်က လွဲ ပြီးသူ့ကို ကိုယ်ဝန်ရအောင်လုပ်နိုင်တဲ့သူရှိသေးတာလား။

''သိပြီ ဒီ ကိစ္စကိုလျှို့ဝှက်ထားပေးပါ။''

''သိပါပြီ။''

သမားတော်ပြန်သွားသည်နှင့်
ရှောင်းကျန့် မုကုံးကုံးလက်ကို လှမ်းဆွဲလိုက်သည်။

''ကျွန်တော် ဘယ်လိုလုပ်ရမလဲ။''

''ဧကရီ။''

ထိတ်လန့်နေသော ဧကရီကို ကြည့်ကာ
မုကုံးကုံးကြောင်သွားမိသည်။

''ဒီကလေးက အရှင့်ကလေးမဟုတ်ဘူး။''

''ဧကရီ ဘာကိုဆိုလို..''.

Villainous King [Completed]Tempat cerita menjadi hidup. Temukan sekarang