13

11K 1K 5
                                    

-Villainous King-13

''ဦးလေး ကျွန်မကို မင်းသားကျိုးနဲ့ ဆက်သွယ်ပေးစမ်းပါ။''

''ဘာလုပ်မလို့လဲ။''

''အရှင် တကယ်နှစ်သက်တာ အမတ်ရှောင်းဘဲ ။ အမတ်ရှောင်းကိုရှင်းပစ်ဖို့အတွက် ကျိုးရန်ကိုလိုတယ်။''

...............

''အမတ်ချုပ်ကြီးကိုခေါ်လိုက်ရတာ
မင်ယောင်တို့ ကိစ္စ ကြောင့်ပါ။''

ကွပ်ကနဲ မျက်နှာပျက်သွားသည့်အမတ်ချုပ်ကြီးက ဧကရာဇ်အနောက်
မှာ ရပ်နေသောမိုး.ကို တစ်ချက်လှမ်းကြည့်လေသည်။

''ကျွန်တော်မျိုးကတော့ သဘောထားကိုမပြင်နိုင်ပါဘူး အရှင်။''

''မြေးဖြစ်သူနဲ့ ခွဲနိုင်ရဲ့လား။''

''အရှင်ဘာကိုဆိုလိုချင်တာပါလဲ။''

''မောင်မင်းက မကြည်ဖြူဘူးဆိုရင်
မင်ယောင့်ကို ကိုယ်တော်ကိုယ်တိုင်ခိုးပေးရလိမ့်မယ်။''

''အရှင်.ဒါက..''

''သူတို့ ​အချစ်က မြင်သာပါတယ် မောင်မင်း သဘောတူ ကြည်ဖြူ
လိုက်ပါ။မျိုးရိုးနိမ့်တာကို အကြောင်းပြချက်ဆိုရင် မိုး.ကို
အဆင့်တစ်ခုထပ်ပေးပြီး မျိုးရိုးမြှင့်ပေးမယ်။''

''ကျွန်တော်မျိုး သဘောတူပါ့မယ်။''

ခေါင်းမော့ပြီး ပြုံးဖြီးနေသော မိုး.ကို အမတ်ချုပ်ကြီးက မင်းသတိထားဆိုသည့်အကြည့်မျိုးဖြင့် စိုက်ကြည့်လေ၏။

..................

''မပြန်ရတော့ဘူး။''

''အဘိုး ဘာကိုပြောတာလဲ။''

အဆောင်အပြင်မှာအကြာကြီး ငုတ်တုတ်ထိုင်ကာစောင့်နေသည့် အတွက် မင်ယောင် သူ့အဘိုးကိုမကြည် ချင်ပေ။

''ဟိုအကောင်နဲ့ သဘောမတူရင် ခိုးပြေးမှာမို့လား။''

''မပြေးပါဘူး အဘိုးရယ်။သူက မခိုးဘူးတဲ့လေ။''

ပြောရင်း အားဗြဲကြီးဖြင့်
ခြေဆင်းငိုသည့်
မင်ယောင့်ကြောင့် အမတ်ချုပ်ကြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာအမြန်ချော့ဖို့ ကြိုးစားရတော့သည်။

Villainous King [Completed]Where stories live. Discover now