12

11.2K 1K 18
                                    

-Villainous King-12

''ကိုယ်လုပ်တော်ချွဲကို ကိုယ်လုပ်တော်အဖြစ်ကဖြုတ်တယ်။ အဆောင်အယောင်တွေကိုတော့ ဆက်သုံးစွဲစေမယ်။''

ဧကရာဇ်ရဲ့ ကြေညာချက်ကနန်းတော်တစ်ခုလုံးကိုအံ့သြတုန်လှုပ် သွားစေခဲ့သည်။
သူတို့ထင်ထားခဲ့တာ ချွဲမင်ယောင်က
ဧကရာဇ်ရဲ့ အချစ်တော်လေးဟုပင်။

ချန်းတူအရီးကတော့ အချင်းချင်း မျက်လုံးချင်းစကားပြောကာ အခြေအနေကို အကဲခတ်နေလေသည်။

အ​ပြစ်လုပ်သူဟာ သူ့မြေးဖြစ်နေ
သောကြောင့် အမတ်ချုပ်ကြီးကလည်း
ငြ်ိမ်နေလေသည်။

''ညီလာခံ သိမ်းမယ်။''

...............

''ထမင်းမစားဘူးဆို။''

''စိတ်မပူပါနဲ့ အရှင်.ပိုင်တဲ့ ခန္တာကိုယ်ကြီး ကျန်းမာပါတယ်။''

''ရှောင်းကျန့် မင်း ငါကိုယ်တော့်ကိုလာမရွဲ့နဲ့။ကန့်လန့်တိုက်ပြီး ကိုယ်တော့် ကိုဆန့်ကျင်ရင်တောင် မင်းဖြစ်ချင်သလို မဖြစ်စေရဘူး။''

ကုတင်ခေါင်းရင်းဘက်တိုးကာ ကျုံ့ကျုံ့လေးထိုင်နေသည့် ကောင်လေးက
  ခုခံဖို့ အသင့်ဖြစ်နေသော ကြောင်ရိုင်းလေးလိုပင်။ထိလိုက်တာနှင့် ထခုပ်မည့်ပုံမို့ မျက်နှာချင်းဆိုင်မှာသာ အသာဝင်ထိုင်လိုက်သည်။

''အရှင် လာရင်းအကြောင်းကဘာများလဲ။''

တအောင့်အကြာမှ ကောင်လေး
က စပြောလာလေသည်။

(သတိရလာလို့ လာတွေ့တာလို့
ပြောလိုက်ရမလား။)

''ဟက်.ကျွန်တော်စကားမှားသွားတယ်။
တခြားအကြောင်းဘာရှိမှာလဲ လုပ်ဖို့ လာတာမဟုတ်လား။
မြန်မြန်လုပ်ပြီး မြန်မြန်သာပြန်ပါ။''

အင်တင်တင်ဖြင့် ငြိမ်နေသည့် ဧကရာဇ်ကို ရှောင်းကျန့်က ခနဲ့တဲ့တဲ့ ပြောလိုက်ပြီး ဝတ်ရုံတွေဆွဲချွတ်ချလိုက်သည်။

''လာလေ.အရှင်ဘာလုပ်နေတာလဲ!!။''

ပြီးနောက် ကုတင်ပေါ်သို့ တက်ကာ
အမြင်မတော် သည့် ပုံစံ ထိုင်က ဧကရာဇ်ကို စိုက်ကြည့်ပြီးပြောလိုက်သည်။

Villainous King [Completed]Donde viven las historias. Descúbrelo ahora