32

10.7K 955 15
                                    

-Villainous King-32

ပုလ္လင်ပေါ်မှ ဧကရာဇ်ဟာ အောင်နိုင်သူပမာ ပြုံးနေလေ၏။

''မိုး ယူလာခဲ့။''

ဧကရာဇ်ရဲ့ အပြုံးကြောင့် အမတ်တွေ
အကုန် ထိန့်လန့်နေကြလေသည်။

''အရှင်။''

ဝမ်ရိပေါ်.မိုး ယူလာသည့် စာအုပ်နဲ့ အမတ်ချန်းကို ပစ်ပေါက်လိုက်သည်။

''ကဲ ဖတ်ကြည့်ပါဥိီး အမတ်ချန်းရဲ့ ။''

အမတ်ချန်းဟာ တုန်တုန်ရီရီဖြင့်
ခြေရင်းမှာကျနေသော
စာအုပ်ကိုကောက်လေ၏။

''အရှင်ဒါက။''

''အမှန်ဘဲ မင်း ငါကိုယ်တော်ကို
ပုန်ကန်ဖို့လုပ်ခဲ့တဲ့ သက်သေတွေ။
ပြီးတော့ သူပုန်တွေကို မင်းလက်နက်တွေခိုးရောင်းနေတယ်ဆိုတာလည်းကိုယ်တော်သိပြီးပြီ။ မျိုးနွယ်စုတွေရဲ့
ရိက္ခာ တွေကို မင်းခိုး ပြီး ရိက္ခာမလုံလောက်​တေ့ာမှ စျေးတင်ပြီးရောင်း
တာကိုလည်းကိုယ်တော်သိတယ်။''

''ကျွန်တော်မျိုး မှားသွားပါတယ်အရှင်။''

အမတ်ချန်းက မျက်နှာပြောင်စွာ ဒူးထောက်တောင်းပန်လေ၏။

''အခုမှ သိလေသလား။''

''တောင်းပန်ပါတယ် အရှင်။''

''စိတ်မကောင်းစရာဘဲ ကိုယ်တော်က ယုတ်မာတတ်တဲ့ လူဖြစ်နေတယ်။
မင်းရဲ့ ရုပ်ရည်ကြောင့်လည်းဖြစ်ရင်ဖြစ်မယ် နည်းနည်းမှကို သနားစိတ်ဝင်မလာဘူး။ မောင်မင်း မှာ ကြီးလေးတဲ့ အပြစ်မရှိပါဘူးလေ ။ကိုယ်တော် သောက်မြင်ကပ်အောင်နေတာကတော့ မောင်မင်းရဲ့ အကြီးလေးဆုံးအပြစ်ပဲ။

မိုး သူ့ကိုခေါ်သွားလိုက်!!
အပြစ်သားကို သေဒဏ်ပေးမယ်။
အတွန့်တက်တဲ့ လူပါ လိုက်သေလို့ရတယ်။..

ငါ့ ခေတ်မှာ ငါကဥပဒေဘဲ။''

''အရှင် ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ။''
အမတ်ချန်းဟာ ရဲမက်တွေရဲ့လက်ထဲ ရုန်းကန်ရင်းပါသွားလေ၏။

အမတ်တွေလည်း ကြောက်လန့်ကုန်ကြသည်။

ဒီဧကရာဇ်က လုံးဝကို မညှာတာတတ်ဘူးဘဲ။

Villainous King [Completed]Where stories live. Discover now