8

12K 1.1K 4
                                    

-Villainous King-8

''သက်တောင့်သက်သာနေပါ။''

ဝမ်ရိပေါ် .သူ့ရှေ့မှာ အရိုအသေပြုနှုတ်ဆက်နေသော ကိုယ်လုပ်တော်ချန်းကိုပြောလိုက်သည်။

''ဟုတ်ကဲ့ အရှင်။''

ချန်းယွဲ့ ရေနွေးကရားကိုကိုင်ပြီး ဧကရာဇ်အတွက်ငှဲ့ပေးလိုက်သည်။

''ရှင်းရှင်းဘဲ ပြောမယ် ကိုယ်တော်မင်းနဲ့ အိပ်ဆောင်ဝင်မှာမဟုတ်ဘူး။''

ချန်းယွဲ့ စိတ်ထဲ အံ့သြပေမယ့် အပြင်မှာ
တော့ဧကရာဇ် ကိုပြုံးပြလိုက်သည်။ဧကရာဇ်က သူမကို အလေးမထားဘူးဆိုတာတော့သိတယ် ဒီလို ပေါ်တင်ပြောလာလိမ့်မယ်လို့တော့မထင်မိခဲ့။သူငယ်ချင်းအဆင့်ကနေသွားကြတာပေါ့အရှင်။ကျွန်တော်မျိုးမက အရှင့်ယုံကြည်မှုကိုအရင်ရယူမယ်။တဆင့်ချင်းပဲပေါ့အရှင်ရယ်။

''အရှင့်သဘောပါ။ကျွန်တော်မျိုးမ အပြစ်မမြင်ပါဘူး။''

ဝမ်ရိပေါ် နှာခေါင်းရှုံ့လိုက်တယ် အပြစ်မြင်အောင်လုပ်ပါတယ်ဆို။

''ဒါဆို ကိုယ်တော့် ပြန်ပြီ။''သူလည်းစကားဆက်ပြောချင်စိတ်မရှိတာကြောင့််ပြန်ခဲ့လိုက်သည်။ ပြီးနောက်
ခြေလှမ်းတွေရဲ့ဦးတာ်ရာ ရုံဟွား ဆီသို့။

...............

''ဧကရာဇ်ကြွချီလာပါတယ် ။''

အဆောင်အတွင်းမှကောင်လေးရဲ့
ပြန်ဖြေသံမကြားရတော့ မုကုံးကုံးက အားနာသလို ကြည့်လာ၏။သူလက်ပြလိုက်ရင်းမခေါ်တော့ဖို့တားလိုက်ပြီး တံခါးကို ဝုန်းကနဲတွန်းဖွင့်ကာ အဆောင်အတွင်း ဝင်လိုက်သည်။

ဝမ်ရိပေါ် ဒေါသထွက်သွားမိသည်။
မနေ့ညက သူတို့အတူမအိပ်ဖြစ်ကြပေ။သူထင်တာ ဒီညမလာဘူးလို့သူမပြောထားသောကြောင့် ကောင်လေးသူ့ကိုစောင့်နေမည်ဟုပင်။

ကောင်လေး
က သူ့ကိုမစောင့်ဘဲ အိပ်နှင့်တယ်။အိပ်ရဲတယ်။သူအလျှော့ပေးတော့ ရောင့်တက် လာသည်ဟုခံစားရကာ ရင်ဘက်ထဲ၌ အောင့်သက်သက်ဖြစ်လာမိ၏။

အိပ်နေသော ကောင်လေး
ကို ပုခုံးကနေဆွဲထူပြီးလှုပ်ခါ နှိုးလိုက်သည်။

Villainous King [Completed]Tahanan ng mga kuwento. Tumuklas ngayon