18

10.2K 975 14
                                    

-Villainous King-18

'' ကျန့်အာ။''

ဧကရာဇ်က ပါးစပ်မှ  တဖွဖွခေါ်ကာ
ထုံးစံအတိုင်းတံခါးကိုဝုန်းကနဲမြည်အောင်ဆွဲဖွင့်ဝင်လာ​လေသည်။

''ကျန့်အာ။''

တိတ်ဆိတ်နေသော လေထုနှင့်အတူ ရှင်းလင်းနေသော အခြေအနေကြောင့် နားထင်ကို တစ်ချက်ဖိလိုက်မိ၏။

''ရှောင်းကျန့် ဘယ်မှာလဲ။''

''ကျွန်တော်မျိုး မသိလိုက်ပါဘူး အရှင်။''

မုကုံးကုံး မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
ကောင်လေးက မုန့်စားချင်တယ်ဟုပြောလာသဖြင့်  သူကိုယ်တိုင် စားဖိုဆောင်ဝင်နေခဲ့တာပင်။ဒါကြောင့်ကောင်လေးဘယ်အချိန်ထွက်သွားလဲဆိုတာသူမသိလိုက်ပေ။မရှိတော့ဘူးဆိုတာတောင် ဧကရာဇ်ထက်နောက်ကျ
မှသိခဲ့ရတာပင်။

''မိုး. အခုချက်ချင်း ကျိုးရန်  သူ့အဆောင်မှာ ရှိမရှိ သွားစစ်။''

''လူလေးတစ်ယောက်ကိုတောင်
ဘာလို့စောင့်ကြည့်မနေနိုင်ရတာလဲ!!။''

ဒေါသတကြီးအော်ဟစ်ပေါက်ကွဲ
နေသော ဧကရာဇ်ရှေ့မှောက်တွင်
မုကုံးကုံးနဲ့ ရုံဟွားမှအစေခံတွေ အကုန်ဒူးထောက် နေရလေသည်။

''အရှင်။''

ရုတ်တရက်
ဝင်လာသည့် ကိုယ်လုပ်တော်ချန်းကြောင့် ဝမ်ရိပေါ် စိတ်ပျက်ကာ မျက်မှောင်ကြုပ်လိုက်မိသည်။

''မင်းကဘာလာလုပ်တာလဲ။''

''ဧကရီဖြစ်တော့မယ့် အမတ်ရှောင်းကို လာဂုဏ်ပြုတာပါ။''

''......'''

''အမတ်ရှောင်းပျောက်နေတာလား။

အို...မဟုတ်မှအမတ်ရှောင်းက ထွက်ပြေးသွားတာလား အရင်ခင်ဗွန်းဟောင်းနဲ့အတူလေ။''

အနာကိုဆားသိပ်နေသည့်ကိုယ်လုပ်တော်ချန်းကြောင့် ဝမ်ရိပေါ်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်မိသည်။

(အဲ့ဒီလောက်တော့ မရက်စက်ဘူး မဟုတ်လား ကျန့်အာ။ကိုယ်တော်က မင်းမရှိရင်..မဖြစ်ဘူးလေ။)

Villainous King [Completed]Donde viven las historias. Descúbrelo ahora