20

10.5K 982 12
                                    

-Villainous King-20

ကျိုးရန်သေသွားပြီဖြစ်ကြောင်းကြား
သိသွားသည့် မိဖုရားယွီဟာ ဧကရာဇ် ရဲ့စာကြည့်ဆောင်ကို ငိုယိုပြီးဝင်လာ၏။

''တောင်းပန်ပါတယ်အရှင် ။မိဖုရားယွီကအတင်းဝင်လာလို့..။''
ဝမ်ရိပေါ် မိုး.ကိုအပြင်ထွက်ဖို့ မေးဆက်ပြလိုက်သည်။

''အရှင် ဘာမဟုတ်တဲ့လူတစ်ယောက်ကြောင့် ကိုယ့်သား ကို ပြန်သတ်တာမလွန်ဘူးလား!!!!။''

''ဘာမဟုတ်တဲ့လူတစ်ယောက်။ဟုတ်လား။!!
ရှောင်းကျန့်က ကိုယ်တော့် ဧကရီပါ။အတည်အလင်းမတင်မြှောက်ရသေးတာဘဲရှိပါတယ်။ပြီးတော့ မင်း.သားရဲ့လုပ်ရပ်ကြောင့် ရှောင်းကျန့် ဗိုက်ထဲက ကိုယ်တော့်သွေးသားပျက်ကျသွားတယ်။''

''ဝမ်ရိပေါ်  ကျိုးရန်က ငါအဓမ္မကျင့်ခံရလို့ရလာတဲ့ကလေးပါ။ဒါပေမယ့် ငါမဖျက်ချရက်ခဲ့ဘူး ငါ့သွေးသားမို့။''

အမည်ရင်းခေါ်လိုက်သည့် မိဖုရားယွီကြောင့် ဝမ်ရိပေါ် မျက်မှောင်ကြုပ်လိုက်မိသည်။

မကျေနပ်ချက်တွေဖွင့်ချနေသော မိဖုရားယွီက ဆက်ပြီးရိုင်းရိုင်းစိုင်းစိုင်းပြောဆိုလေသည်။

''အတင်းအကျပ်တာဝန်ယူချင်တဲ့နင့်အစ်ကိုတော်ကိုလည်းငါယူခဲ့ရတယ်။
နင့်အစ်ကိုတော်သေ သွားတော့ နင့်နဲ့ပေးစားပြန်တဲ့ငါ့အဖေကြောင့်ငါနင့်ကိုထပ်ယူခဲ့ရတယ်။
ဘာလို့လဲသိလား ငါ့ကလေးအသက်ရှင်ဖို့။ငါ့ကလေးကောင်းကောင်းနေရဖို့။
ငါ့ဘဝမှာ ကျိုးရန်ကသာအရေးကြီးဆုံးဘဲ။အေးအဲ့ဒီအရေးကြီးဆုံးကိုယူသွားတဲ့နင့်ကိုလည်းငါဒီတသက်မကျေဘူး။နင်သိပ်​လိုချင်နေတဲ့ရှောင်းကျန့်ကိုလည်း ငါ​ပြန်ဖျက်ဆီးပြမယ်။''

လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောဆိုနေသည့် မိဖုရားယွီကို ဝမ်ရ်ိပေါ်
ကအေးစက်စွာစိုက်ကြည့်နေလိုက်ပြီး

''မင်းဖြစ်ချင်တာတွေဖြစ်လာမှမဟုတ်ဘူး။'' ဟုပြုံးကာပြောလိုက်သည်။

ရင်ထဲက အကြေုက်တရားကိုတော့ သူသာသိလေသည်။

''ဟက် စောင့်ကြည့်နေလိုက်။''

Villainous King [Completed]Where stories live. Discover now