16

10.4K 962 3
                                    

-Villainous King-16

''ကောက မိုး.နဲ့ ​ချစ်နေတာလေ။
အဲ့တာကြောင့်မို့
အရှင်က ကိုယ်လုပ်တော်အဖြစ်ကနေဖြုတ်ပေးတာ။''

ဒီလိုကျတော့ ဧကရာဇ်က သဘောထားပြည့်ဝလေသား။ ကိုယ်လုပ်တော်ချွဲအပေါ် ဧကရာဇ်က ခံစားချက်မရှိဘူးလား။ ဒါမှ မဟုတ် ချစ်ရဲ့သားနဲ့ လက်လွှတ်ပေးတာလား။ဧကရာဇ်အခုချိန်မှာ ဝမ်းနည်းနေလေမလား။

ရှောင်းကျန့် မိုး.နဲ့ စကားပြောနေသော ဧကရာဇ်ကို လှမ်းကြည့်လိုက်မိသည်။

ဧကရာဇ်က သူ့မျက်ဝန်းထဲ တမူးထူးခြားစွာ ခံ့ငြားနေလေ၏။
(အရှင်က အရင်ကတည်းက ဒီလိုပဲ ကြည့်ကောင်းခဲ့တာလား။)

တဆက်တည်းတွေးမိသွားတာက ဧကရာဇ်က သူကလွဲရင် အားလုံးအပေါ်သဘောကောင်းတယ်ဆိုတာပါဘဲ။

''ဟေး အမတ်ရှောင်း ။

ရှောင်းကျန့် ဘာတွေငေးနေတာလဲ။''

''အင် အာ. ဟီးဟီး မငေးပါဘူး။''

   ကိုယ်လုပ်တော်ချွဲ သတိမထားမိစေရန်ဟန်ကိုယ့်ပြီး
တဟီးဟီးရယ်နေလိုက်သည်။

....................

ဝမ်ရိပေါ်. ကောင်လေးက
သူ့မျက်နှာကို လိုက်အကဲခတ်နေလေတာကြောင့် ရယ်ချင်တာကိုထိန်းထားနေရသည်။ကောင်လေးရဲ့ခေါင်းက သူ့မျက်နှာရှောင်ရာဘက်ကိုလိုက်ယိမ်းနေ၏။

''ကျန့်အာ ဘာဖြစ်နေတာလဲ။''

ဝမ်ရိပေါ် သူ့ဝတ်ရုံကိုချွတ်ကူနေသည့်

ကောင်လေးခေါင်းကို ဖွဖွပုတ်ကာမေးလိုက်သည်။

''ကိုယ်လုပ်တော်ချွဲကိုဘာဖြစ်လို့ပေးလိုက်တာလဲ။''

''အော် အဲ့တာလား။သူတို့နှစ်ယောက် ကချစ်နေကြလို့လေ။''

''ဒါပေမယ့် ကိုယ်လုပ်တော်ချွဲက အရှင့်ကိုယ်လုပ်တော်လေ။''

''ကျန့်အာ.ထင်သလို ကိုယ်တော်တို့က အဲ့ဒီလိုဆက်ဆံရေးမဟုတ်ဘူး။''

ဧကရာဇ်ကပြောပြီး သူ့ကို ပုခုံးမှချုပ်ကိုင်ကာ အနောက်လှည့်စေသည်။
ပြီးနောက် သူ့အ​နောက်မှာနေယူကာ
သူ့ဆံထုံးကို ဖြည်ချပြီး ဆံပင်ရှင်းပေးလေ၏။
ဧကရာဇ်ရဲ့အထိအတွေ့က ညင်ညင်သာသာ။ဒီနေ့ ဧကရာဇ်သူ့အနားကိုကပ်လာတိုင်း အနံ့စူးစူးတစ်ခုရနေမိသည်။
အဲ့ဒီအနံ့ကအရမ်းကိုနှစ်လိုဖွယ်ကောင်းပြီး သူ့ကို စိတ်ကြည်လင်စေ၏။

Villainous King [Completed]Tempat cerita menjadi hidup. Temukan sekarang