26

10.6K 974 7
                                    

-Villainous King-26

ရှောင်းကျန့် ညသန်း
ရောက်လာသည့်ဧကရာဇ်ကြောင့် ကုတင်ဘေး မတ်တပ်ရပ်နေရ​လေသည်
ဧကရာဇ်ကတော့ရေနွေးသောက်ရင်းသူ့ကိုလှမ်းကြည့်နေ၏။

အမှားလုပ်မိထားသောကြောင့်
မလုံမလဲဖြင့်
ကြောက်ရွံ့နေမိသည်။

''ကိုယ်တော့်အနားလာခဲ့။''

ဝမ်ရိပေါ်အရိပ်ဖြူလေးအနားရောက်လာတာသည်နှင့် ခါးလေးကိုဆွဲဖက်လိုက်သည်။

တောင့်တောင့်လေးဖြစ်သွားသောခန္ဓာကိုယ်လေးက ချစ်စဖွယ်အတိ။

''အရှင် နေမကောင်းဘူးလား။''

သူ့ဗိုက်မှာမျက်နှာအပ်ထားသည့် ဧကရာဇ်ကို ငုံ့ကြည့်ကာ ဆိုလုက်သည်။
ဧကရာဇ်က ခေါင်းကြီးယမ်းပြ၏။

''ကျန့်အာ။''
ကျန့်အာလို့ခေါ်လာသည့် ဧကရာဇ်
ကြောင့်ရှောင်းကျန့် မျက်လုံးလေးပြူးကာ အံ့သြသွားမိသည်။

''အရှင်စိတ်ဆိုးပြေ ပြီလား။''

''မင်းက အရမ်းတုံးတာဘဲ။''

အလိုမကျဖြစ်ကာမျက်မှောင်ကြုပ်လိုက်သည်။

သူမတုံးပါဘူးနော် ။နန်းတွင်းစာပေတွေ ကို ခဏလေးလေ့လာရုံပဲသူ
တတ်မြောက်ခဲ့တာပါ။

''ကျွန်တော် မတုံးပါဘူး။''

''ဟင့်အင်း အရမ်းကိုတုံးတာ။''

စူးစိုက်ကြည့်ပြီးမော့ပြောနေသည့် ဧကရာဇ်ကြောင့် ရှောင်းကျန့် မဆီမဆိုင် အရှက်သည်းလာမိ၏။

(အရှင့်သဘော တုံးတယ်ဆိုလည်းတုံးတယ်ပေါ့ ဟိဟိ။)

''ကိုယ်တော် သိပါပြီ မင်းကျိုးရန်နဲ့အတူထွက်ပြေးဖို့မကြိုးစားခဲ့ဘူးဆိုတာ။''

''အရှင်ဘယ်လိုသိတာလဲ။''

''မင်းကိုချိန်းတဲ့စာ ကိုယ်တော်တွေ့ပြီးပြီ။''

ရှောင်းကျန့်က သူ့မျက်နှာသူ ဘက် ခနဲပိတ်ရိုက်ပစ်လိုက်သည်။

''အာ ဟုတ်သား အဲ့ဒီစာ။''

တဆက်တည်းဝမ်းနည်းမိသွားသည်။သူကဧကရာဇ်ပြောသလိုအတည်တုံးအခဲ့တာပဲ။ ဒီစာကိုသာ ဧကရာဇ်ကိုပြခဲ့လိုက်ရင် ဧကရာဇ်က စိတ်ဆိုးမှာမဟုတ်ဘူး အရင်လို သူ့နားဘဲကပ်နေမှာ။သူလည်းနန်းတော်အပြင်မှာ တခြားယောက်ျားတစ်ယောက်
နဲ့အိပ်မိခဲ့မှာမဟုတ်ဘူး။

Villainous King [Completed]Where stories live. Discover now