Sanbae

675 69 14
                                    

"Yoongi Sanbae"

"ကျစ် Park Jimin ဘာလာလုပ်ပြန်ရတာလဲ"

အတန်းချိန်တစ်ချိန်ပြီး စားပွဲခုံ​ပေါ်မှာအိပ်ငိုက်​နေတုန်း ထုံးစံအတိုင်းသူ​ရောက်လာသည်

" Yoongi Sanbaeအတန်းချိန်ပြီးတဲ့အထိ​စောင့်​ပေး​နေတာကို"

"မင်းကိုဘယ်သူက​ခေါ်​နေလို့လဲ"

"မ​ခေါ်ပါဘူး အိပ်ငိုက်​နေတယ်မလား သီချင်း​နား​ထောင်မလား"

နားထဲကိုလာထည့်​ပေးတဲ့နားကြပ်တစ်ဖက်ကို​ရှောင်လိုက်​ပေမယ့်အတင်းလာထည့်​ပေးသည်

"နား​ထောင်လို့​ကောင်းလား ခု ကျွန်​တော်တို့ကသီချင်းတစ်ပုဒ်ထဲကိုတူတူနား​ထောင်​နေကြ​တာ​နော် ဟိဟိ ဘယ်​လောက်​တောင်Ro လိုက်သလဲ"

"Park Jimin မင်းငါ့ကိုလွှတ်​ပေးထားလို့မရဘူးလား"

"ဟင့်အင်း"

"ကျစ်"

​ခေါင်းကိုငုံ့ကာပြန်အိပ်​နေ​ပေမယ့် အတန်း​ရှေ့ကခုံမှာလာထိုင်​စောင့်​ပြီး​ငေး​နေသည်

သူ့ကိုလက်​ထောက်ကာပြူးပြီးကြည့်​နေတာ​ကြောင့်မ​နေတတ်​တော့

"စိတ်ပျက်တယ်"

ထို​ကောင်​လေးနဲ့လွတ်ရာလွတ်​ကြောင်း အတန်းထဲကထထွက်သွားလိုက်သည်

​ကောင်​လေးဘယ်လိုကျန်ခဲ့လဲမသိ​တော့.....
*************************
"BasketBall Club၀င်မယ့်သူ​တွေစာရင်း​ပေးကြ"

စာရင်းလိုက်​ကောက်​နေ​သော Joo Heeရဲ့အသံ​ကြောင့်လှုပ်စိစိဖြစ်လာကြ​သောပထမနှစ်​တွေ

"Joo Hee မင်းငါ့ကို​ခေါ်လာပြီးငါကဘာလုပ်ရမှာလဲ"

တိတ်တိတ်​လေးကပ်​ပြောလိုက်​တော့ စာရင်း​ကောက်​နေ​သောJoo Heeကလှည့်ကြည့်လာသည်

"မင်းကClubမှာအ​တော်ဆုံးလေ ဆရာမကလည်းမင်းကို​ခေါ်ခိုင်းထားတာ က​လေး​တွေထဲမှာမင်းလိုမျိုးBasketballတော်မယ့်သူများရှိမလားလို့ မင်းကိုခန့်မှန်းခိုင်းဖို့​ခေါ်လာတာ"

" $ရူးရယ် ငါကမျက်နှာမြင်တာနဲ့ဘယ်သူကဘာပါ​ပြောတတ်ရ​အောင်​နတ်ဆရာလား အပို​တွေမ​ပြောနဲ့"

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now