ဂျိန်း...
ဒုန်း..
ဖြတ်ခနဲလတ်သွားတဲ့အလင်းတန်းတစ်ခုဟာJiminရဲ့အတောင်ပံနှစ်ခုလုံးကိုကြိုးတစ်ခုနှင့်ရစ်သွယ်လိုက်သည်။
"အားး"
Jimin နာကျင်စွာအော်ဟစ်မိသည်။ ခပ်လှမ်းလှမ်းမှာရပ်ကြည့်နေတဲ့Fairy Godmotherဟာလည်းမျက်၀န်းပြာတွေနှင့်ပင်၀မ်းနည်းစွာကြည့်နေသည်။
ရွှေရောင်လက်နေတဲ့နန်းတော်အတွင်း ပလ္လင်ပေါ်မှာထိုင်နေတဲ့နတ်ဘုရားတွေကလည်းJiminကိုသနားသဖွယ်ကြည့်နေပါရဲ့..
နတ်ဘုရားတို့၏အရှင် Father Zeus စိတ်ဆိုးလေပြီ။ Motherlandမှာဖြစ်ပျက်ခဲ့သမျှကိုFather Zeusသိသွားလေသည်။ ထိုကိစ္စအတွက်အပြစ်ရှိသမျှဟာ Nolarni Hybirdသာဖြစ်သည်။
မျိုးစိတ်တစ်ခုမက ဒုက္ခရောက်ရသည့်အတွက်Father Zeusသာမက နတ်ဘုရားတွေစိတ်ဆိုးကြသည်။ တရိပ်ရိပ်တက်လာတဲ့မြစ်ရေတွေနဲ့အကြိမ်ကြိမ်သတိပေးခဲ့တဲ့ရေနတ်မြင်းတွေကFather Zeusကိုစစ်ပွဲမဖြစ်ခင်ကတိုင်နှင့်ပြီးဖြစ်သည်။
ရေနတ်မြင်းတွေက စစ်ပွဲဖြစ်မယ်မှန်းသိရင် ရေကာတာဖြိုချခံရမယ်သိရင် Father Zeusကိုမတိုင်ပေမယ့် စစ်မဖြစ်ခင်တစ်ရက်အလိုကတိုင်စာရောက်သွားသည်။
သို့သော် Nolarni Hybirdအရှင်ကိုVampireအရှင်ကထိန်းသိမ်းထားသည်ဆိုကတည်းကလာဖမ်းမယ့် နတ်စစ်သည်တွေကလည်းမဖမ်းပဲလွှတ်ထားသေးသည်။
ကိစ္စတစ်ခုလုံးကိုသိပြီးမှ Nolarni Hybirdအရှင်ထွက်ပြေးလာတဲ့အခါဖမ်းလိုက်တာဖြစ်သည်။
တကယ်ဆိုJiminထွက်ပြေးတာမဟုတ်ဘဲ သွားခဲ့တဲ့တောင်ထိပ်ကိုခဏတာကြည့်ရုံသာ..Vampireတွေရဲ့စကားကိုမယုံတာကြောင့် တောင်ထိပ်မှာစောင့်တဲ့ဘိုးဘိုးကိုသွာမေးရုံ...
သို့သော်ဘယ်ကဘယ်လိုရောက်လာတဲ့ရွှေရောင်ချပ်တန်ဆာ၀တ်စစ်သည်တွေရဲ့လက်ထဲကိုပါသွားသည်ပဲ...
"Nolarni အရှင် Park Jimin!!!! သင်ဟာ သင့်ဖခင်ရဲ့ခြေရာကိုနင်းသူပဲ!!သင်ဟာသင့်ဖခင်မှားခဲ့တဲ့အမှားကိုအမှန်လို့ထင်မြင်ပြီးထက်တိုးဖို့တောင်ကြိုးစားသေးတယ်!!ဟုတ်လေသလား"
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Hayran Kurgu"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...
