တစ်စတစ်စ တိုတိုသွားတဲ့ဆေးလိပ်တွေရယ် ပြာနှမ်းနေတဲ့ မောင့်နှုတ်ခမ်းတွေရယ်
မင်းသာရှိရင်ဆေးလိပ်နံ့နံတယ်ဆိုပြီးနှာခေါင်းရှုံ့ဦးမှာမလား..
အင်းနော် မောင်မင်းမုန်းတဲ့ဆေးလိပ်တွေကိုအချိန်အကြာကြီးထိုင်သောက်နေမိတာပဲ.. ဘယ်တတ်နိုင်မလဲ မင်းမှမောင့်နားမရှိတာ သဲငယ်ရယ်..
တွန့်ကြေနေတဲ့အနက်ရောင်ပိုးဖဲ၀တ်ရုံနဲ့ သစ်ပင်ထိပ်ဖျားထိုင်နေတဲ့သူ..လပြည့်၀န်းကြီးကိုကြည့်ရင်း
"အို..မောင့်လပြည့်၀န်း မောင့်ဆီပြန်လာပါတော့"
___________________________
"ကနဦး သတင်းများအရ ယမန်နေ့ ညဦးပိုင်းတွင် လူ၅ဦးထပ်မံပျောက်ဆုံးနေသည်ဟုသိရသည်။
၂၃ရက်နေ့နေ့လည်ကပျောက်ဆုံးသွားသောလူ ၃ယောက်အလောင်းကို ယနေ့ နေ့လည် ၁၂နာရီတွင် Marisa တောအုပ်အနီး သစ်ပင်ခြေရင်းတွင်လည်ပင်းကိုက်ဖောက်ရာများနှင့်အတူတွေ့ရသည်"
Remoteကိုလွှင့်ပစ်လိုက်ရင်းဆိုဖာပေါ်မှာထိုင်ချလိုက်သည်။
"ဟူး"
ခုတလော ခဏခဏပျောက်နေတဲ့လူတွေ အသတ်ခံရတဲ့လူတွေကြောင့်ခေါင်းခဲရသည်။ ခမည်းတော်ကလည်း အသက်ကြီးနေပြီမလို့ဒီလိုကိစ္စတွေဟာ
အိမ်ရှေ့စံဖြစ်တဲ့သူ့ပေါ်ပဲပုံကျလာရသည်။
နယ်စပ်ဒေသရဲ့မငြိမ်သက်မှုတွေကြားက ဆည်ဆောက်တဲ့ကိစ္စကပါ Vampireတွေနဲ့ မတည်မငြိမ်ဖြစ်နေတာဟာ Nolarni Hybirdတိုင်းအတွက် စိတ်ပူစရာဖြစ်သည်။
Werewolfတွေနဲ့သင့်မြတ်ပေမယ့်တကယ့်အရေးကြုံလာရင် Werewolfတွေနဲ့ပူးပေါင်းရင်တောင် Minတိုင်းပြည်ကိုမနိုင်နိုင်။
"Beomgyuကိုခေါ်ပေးပါ"
ခေါင်းလောင်းကိုတီးလိုက်ပြီးမိုက်ကရိုဖုန်းကနေတစ်ဆင့်ပြောလိုက်သည်။
ခဏနေတော့ ငှက်တစ်ကောင်ပျံသန်းလာပြီးဂျီမင်းလက်ပေါ်လာနားသည်။ ထို့နောက်လူအသွင်...
"ဖယ်စမ်း ဘယ်နှယ် ကလေးမဟုတ် သူငယ်မဟုတ် လက်ရန်းပေါ်မှာ မထိုင်နဲ့.. ခုံမှာထိုင်စမ်း"
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...
