LUCIFER:THE FALLEN ANGEL (2)

251 24 112
                                    

စာ​ရေးသူသည်  မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ပြီးယခုတွင် Omnist  တစ်​ယောက်အဖြစ်ခံယူထားသူဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ခရစ်ယာန်ဘာသာ ၏သမ္မာကျမ်းစာ သို့မဟုတ် အခြားမည်သည့်ဘာသာ တွင် ​ဖော်ပြထား​သော Luciferနှင့် ကွဲလွဲ​နေနိုင်သည့် ​အောက်ပါ အ​ကြောင်းအရာများသည်  စိတ်ကူးစိတ်သန်းမျှသာဖြစ်၍ မည်သည့်ဘာသာကိုမျှ​စော်ကားလိုစိတ်မရှိပါ​ကြောင်း

ကောင်းကင်ဘုံအရှင်သခင်မ က ဘုရားသခင် God မဟုတ်ပါ​။ ဒီ Fiction ထဲမှာ God နဲ့ ​ကောင်းကင်ဘုံအရှင်သခင်ကိုခွဲထားပါတယ်။ ဆိုလိုချင်တာက Jiminက ​ကောင်းကင်ဘုံအရှင်သခင်မ ရဲ့ သား ပဲဖြစ်ပြီး ဘုရားသခင်ရဲ့သားတော်မဟုတ်ပါ​ဘူးနော်။

ခရစ်ယာန်ဘာသာမှာက​တော့ ခရစ်​တော်ကို  The king of Heaven and earth လို့သုံးနှုန်းထားပါတယ်။ ဒီစာထဲမှာ​တော့ ​ကောင်းကင်ဘုံအရှင်မဟာ ဘုရားသခင်ရဲ့လက်​အောက်ကဖြစ်တယ်လို့ပဲယူဆထားပါတယ် 
____________________

ဘုရားသခင်က အချစ်ဆုံးသား ကို ဘုရားသခင် ဘာ​ကြောင့်စွန့်ပစ်ခဲ့လဲ .... ကျမ်းစာ​တွေထဲ​မှာ​ရေးသားထားက ဘုရားသခင် ရဲ့​​နေရာကို လုယူချင်လို့​ မာန်မာန​ထောင်လွှားခဲ့လို့ပါတဲ့။

Lucifer ကိုရက်စက်ကြမ်းကြုတ်တယ်လို့မှတ်ယူကြ​ပေမယ့် ဘယ်သူသိမှာလဲ Lucifer ရဲ့​အေးစက်တဲ့နှလုံးသားဟာ တစ်စုံတစ်​ယောက်​သောသူအတွက် နှစ်​ပေါင်းရာချီ ငြိမ်သက်​နေခဲ့တယ်ဆိုတာ။
-
-
-

"Beomgyu"

အိမ်ကိုပြန်​ရောက်သည်နှင့် Beomgyu ကို အသံမာမာပြတ်ပြတ်နဲ့​ခေါ်လိုက်သည်။  ထမင်းချက်ရင်း ​ယောင်းမ ကိုကိုင်ကာ သီချင်း​အော်ဆို​နေတဲ့​ကောင်​လေးက သူ့ကိုဖြတ်ခနဲလှည့်ကြည့်ရင်း ပြုံးပြသည်။

"​Lulu"

Yoongi ကျစ်ခနဲ စုတ်သတ်လိုက်ရင်း အမည်း​ရောင်​တောက်​ပြောင်​နေတဲ့ Sofa​ပေါ်မှာထိုင်ချလိုက်သည်။
Beomgyu ကို ဘယ်လိုမှပြင်မရ​သော ထိုအ​ခေါ်အ​ဝေါ်..။ ဘာတဲ့ " Lulu"

Lucifer လည်းမဟုတ် ကမ္ဘာ​မြေက နာမည်မဟုတ်ဘဲ Luluတဲ့။ ကြားရတာကန့်လန့်ကြီးဖြစ်​နေ​ပေမယ့်ဘယ်လိုမှ​ပြောင်းမရတာ​ကြောင့် LuluကLulu အတိုင်းရှိ​နေဆဲ။

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now