"ကဲ စာမေးပွဲအမှတ်တွေကြေညာမယ်"
ဆရာမရဲ့စကားသံကြောင့်တစ်တန်းလုံးမီကိုရေနှင့်ငြိမ်းလိုက်သလိုမျိုးတိတ်ဆိတ်ပြီးစိတ်၀င်စားစွာ နားထောင်နေကြသည်။
နှလုံးကတဒိန်းဒိန်းခုန်နေပြီးထိုင်မရထမရဖြစ်နေသည်မှာလည်းလူတိုင်လိုလိုပင်။ အကုန်လုံးကမိမိရမှတ်ကို စိတ်၀င်စားနေကြပြီး တုန်ရီနေကြသည်။သို့သော်..ထိုအထဲတွင် ကျောင်းရဲ့ လူဆိုးအုပ်စုဟု အမည်တွင်သော Jungkook, Yoongi နှင့် Taehyung တို့မပါကြ။ သူတို့၏အမှတ်များသည်လည်း 50% အအောင်ပေးရာတွင် 51..52လောက်မှမတတ်ကြဘဲ အမှတ်စာရင်း၏အောက်ဆုံးမှသူများဖြစ်ကြသည်။
ထို့ကြောင့် Jungkookက Taehyungကို ဟနိပါပါကြည့်လိုက်သည်။ Yoongiကတော့ ခုံပေါ်မှာမှောက်အိပ်နေသည်။
"ကြောက်လိုက်တာ 90မကျော်ရင် ဘယ်လိုလုပ်မလဲ"
"ဒီတစ်ခါမရင်အိမ်ကဆူခံရတော့မယ်"
"ကျေးဇူးပြုပြီးမြတ်စွာဘုရားကယ်ပါ"
Yoongi ဘေးနားကတစ်ခုံကျော်မှာ ခပ်မဲ့မဲ့မျက်နှာနှင့်လက်ချောင်းပိစိလေးတွေကိုလိမ်ယှက်ကာ စိတ်ပူနေသောတစ်ယောက်။ ထိုတစ်ယောက်သည် ကြက်သီးမွေးညင်းပင်ထနေသည်ကို သူ့လက်မောင်းပေါ်က ခပ်ထောင်ထောင်ဖြစ်နေသောမွှေးညင်းလေးတွေကိုတွေ့လိုက်ရသည်။
တကယ်ပဲ အပိုတွေ။
"နားညီးလိုက်တာ ကိုယ့်ဘာသာကိုယ်ယုံကြည်မှုမရှိဘူးလား"
Yoongiပြောလိုက်တော့ဖြတ်ခနဲလှည့်ကြည့်ပြီး
ခေါင်းကိုငုံ့သွားသည်။ တခြားသူတွေဆိုမျက်စောင်းထိုးတာပဲဖြစ်ဖြစ် တစ်ခုခုပြန်တုန့်ပြန်မှာပေမယ့် ဒီကောင်လေးကတော့ခေါင်းငုံ့သွားသည်။ Yoongiဒီကောင်လေးကိုသတိထားမိတာခဏခဏပင်။ သူငး်ချင်းတွေနဲ့စကားဖောင်ဖွဲ့တတ်ပေမယ့် ဆရာမတွေကိုကြောက်တတ်သော သူမျိုး။Yoongiလိုဘာမှမကြောက်သူမျိုးနဲ့တော့ မိုးနဲ့မြေမဟုတ်။ တခြားဂြိုဟ်ကလေထုနှင့် ဒီကမ္ဘာကမြေကြီးပင်။
![](https://img.wattpad.com/cover/289232787-288-k962131.jpg)
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...