တိတ်တခိုးအချစ် တိတ်တခိုးအချစ်ဆိုတာ....
သေချာပေါက် သူ...သူမသိခဲ့ရင်....
နာကျင်ရမယ်မှန်းသိတဲ့ဆူးပုံပေါ်ကိုရူးရူးမိုက်မိုက်နင်းချတာမျိုးပေါ့။နာတယ် ရူးမတတ်နာတယ် ဒါပေမယ့်အဲဒီလိုနာရတာကိုလည်းသဘောကျနေမိတော့ဘယ်လိုလုပ်ရမလဲ။
___________________"မင်းအတွက်ငါ၀မ်းသာတယ် Jungkook"
ဒီစကားဟာအက်ကွဲရှနေတဲ့နာကျင်မှူကိုထိန်းချုပ်ပြီးပြောနေတာဆိုတာမသိပါစေနဲ့။
"ကျေးဇူးပဲ ကိုကို ပန်းနုရောင်လေးနဲ့ကျွန်တော်နဲ့ချစ်သူဖြစ်သွားတဲ့အထိန်းအမှတ်နဲ့Partyလုပ်မလို့ ကိုကိုလာခဲ့မယ်မလား"
"သေချာပေါက်လာခဲ့ရမှာပေါ့ Kookieရာ"
သူ့ပုခုံးကိုလှမ်းပုတ်လိုက်ပြီးမျက်၀န်းကမျက်ရည်စတွေကိုဖုံးဖို့ရယ်လိုက်သည်။
ငယ်...
နှုတ်ဖျားကထွက်ဖို့မသင့်တော်တဲ့စကားလုံးတစ်ခု...
ရှေ့မှာရှိနေတဲ့နတ်သားငယ်လေးကတော့သိခြင်းကင်းမဲ့စွာရယ်နေလေရဲ့။
တစ်ချက်တစ်ချက်ခိုးနမ်းလိုက်တဲ့သူ့ရဲ့နှုတ်ခမ်းဖူးဖူးလေးတွေဟာ Jungkookရဲ့ပါးမှာတင်အရာထင်ကျန်ခဲ့တာမဟုတ်ဘဲ သူ့နှလုံးသားကိုပါလာရိုက်ခတ်သည်။
မစားကောင်းတဲ့အသီး မယူကောင်းတဲ့ပစ္စည်းဆိုတာသိနေလျက်နဲ့ လိုချင်မိတာဟာပြစ်မှားခြင်းပါပဲ။
မပြောထွက်ခဲ့တဲ့စကားတစ်ခွန်းကိုကိုယ့်ရင်ထဲမှာသော့ခတ်သိမ်းဆည်းထားမယ်။
သေချာတာကတော့ကိုယ့်နှလုံးသားဟာအသက်မ၀င်တော့ဘူး....
__________________
"အာ အဒေါ်ကလည်း 1000လောက်ပဲလိုနေတာမလား ထားလိုက်ပါနော် ကျွန်တော်တကယ်ပိုက်ဆံကုန်သွားတာ"
"အမယ်လေး 1000လည်း 1000ပဲလေ စားပြီးမှတော့ 1000မကလို့ 1 ၀မ်လည်းရှင်းရမှာပဲ"
"ဟာဗျာ ပြသာနာပဲ"
လမ်းဘေးစားသောက်ဆိုင်တစ်ခုတွင် ကျောင်းအပြန်မုန့်၀င်စားရင်းငွေရှင်းတဲ့အခါ 1000နှင့်ကပ်လိုနေသည်။
![](https://img.wattpad.com/cover/289232787-288-k962131.jpg)
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...