𝗗 𝗢 𝗟 𝗟 𝗛 𝗢 𝗨 𝗦 𝗘 (The Final)

332 38 16
                                    

"လွှတ် ကျွန်​တော့်ကိုအခုလွှတ်"

"ဒုန်း"

"ဒုန်း"

တံခါးကွဲမတတ်ရိုက်ထုသံ​တွေ​ကြောင့် Yoongi ပိတ်ထားတဲ့တံခါးကိုမှီချလိုက်ပြီးကြမ်းပြင်​​ပေါ်ထိုင်ချလိုက်သည်။
ဒီအချိန်ထိဆို၃နာရီရှိပြီ။ အဆက်မပြတ်တံခါးကိုထု​နေတာ။ Hoseokကလည်း ဧည့်ခန်းထဲမှာထိုင်ရင်းစိတ်မ​ကောင်းစွာကြည့်​နေသည်။

"​Min Yoongi !!!! အယုတ်တမာ​....ခင်ဗျားဘာလို့ဒီလိုလုပ်ရတာလဲ"

က​လေးငယ်ရဲ့​အော်ဟစ်သံ​တွေကငိုသံ​ရောယှက်​နေသည်။ သို့​သော် မည်သို့တတ်နိုင်ပါအံ့နည်း။

"​ဟူး"

ပါး​ပြင်​ပေါ်ကစိုစိုစွတ်စွတ်အရာ​တွေကိုလက်ဖမိုးနဲ့သုတ်ဖယ်လိုက်သည်။ လက်​ဖောင်း​ဖောင်းနုနု​လေး​တွေက အဆမတန်မာတဲ့သစ်သားတံခါးထူထူကြီးကို ထု​ရိုက်​နေတာဘယ်​လောက်​တောင်နာကျင်​နေလိုက်မလဲ။ ပစ္စည်း​တွေပစ်​ပေါ်ကခွဲမှာသိလို့ အန္တရာယ်ရှိတဲ့ပစ္စည်း​တွေမှန်သမျှ အပြင်ထုတ်ထားခဲ့သည်။

တကယ်ဆို က​လေးငယ်နာကျင်သ​လောက် သူလည်းနာကျင်ပါသည်။

"​နောက်တစ်ကြိမ် ​ဆေးတိုက်ရမှာက ဘယ်တော့လဲကွာ~"

"ဟင်း ~ ငါမင်းကို​ပြောခဲ့သားပဲကွာ မူးယစ်​ဆေးဖြတ်ဖို့ဆိုတာ ခက်တယ်လို့"

Hoseokက စားပွဲ​ပေါ်တင်ထားတဲ့​ဆေးအိတ်​လေးကိုပစ်​ပေးလိုက်ရင်း ..

"နာရီ၀က်သာသာ​လောက်လို​သေးတယ် ဒါ​ပေမယ့် မင်း​တွေ့ချင်​နေတာမလား တိုက်လို့ရပါတယ်"

Hoseokပစ်​ပေးလိုက်တဲ့​ဆေးထုပ်ကိုယူလိုက်ရင်း မျက်ရည်​တွေကိုသုတ်ကာ တံခါးကိုဖွင့်လိုက်သည်။

"၀ုန်း"

တံခါး​နားမှာမှီချကာ ဖြူ​လျော့​နေ​သော နှုတ်ခမ်း​တွေနဲ့ Yoongiကိုနာကျည်းစွာကြည့်​နေသည်။
လက်​တွေကနီရဲလို့​ယောင်ကိုင်း​နေသည်။
တံခါးဖွင့်လိုက်သည်နှင့် Yoongiကို​ကျော်ကာ ထွက်​ပြေးဖို့လုပ်သည်။

"လွှတ်စမ်း"

"က​လေးငယ် လိမ္မာတယ် ​​ဆေး​သောက်ရ​အောင်"

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now