*ဤ အကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသက်သက်မျှသာဖြစ်ပြီး မည်သည့်ဘာသာရေးယုံကြည်မှုကိုမှ စော်ကားလိုခြင်းမရှိပါ
ဟယ်လို ဘယ်သူလဲ..?
"Lucifer" "Satan" "Devil" အမျိုးမျိုးသမုတ်ခံရတဲ့ ကျုပ်ပါ ဟုတ်တယ်
ဘုရားသခင်ကိုလွန်ဆန်လို့ သေမျိုးတွေရှိရာ
ကမ္ဘာမြေကိုအနှင်ခံလိုက်ရတဲ့ သူလေ...
ကမ္ဘာမြေရောက်တော့ရော Luciferဆိုတဲ့နာမည်ကြားတာနဲ့ ထွက်ပြေးကြတဲ့သူနဲ့
အစီအရင်တွေနဲ့ဟန့်တားကြတဲ့သူ သွေးတွေပွက်ပွက်ဆူအောင် ကြောက်ရွံ့ကြတဲ့သူနဲ့ မကောင်းဆိုးဝါးကြီးပေါ့..ခင်ဗျားတို့ ကျုပ်အကြောင်းကြားဖူးကြမှာပါ။ လောကသုံးပါး က ရွံရှာကြတဲ့ Luciferဆိုတဲ့ကျုပ်..။
ထင်ရာစိုင်းပြီး ကြမ်းတမ်းတဲ့ကျုပ်က သမ္မာကျမ်းစာ မှာတောင် ကျုပ်ရဲ့ဆိုးကြောင်းတွေ အပ်ကြောင်းထပ်လို့..သူရဲကောင်းတွေကို လူတွေက ချစ်ကြသတဲ့။ စွန့်လွှတ်အနစ်နာခံပြီးကမ္ဘာကိုကယ်တင်ကြတဲ့သူတွေလေ။
"Heroes will sacrifice their loved ones to save the world but
Villains could destroy world & would tear the world apart if their loved ones were hurt"
ကျုပ် ကမ္ဘာမြေမှာကြားခဲ့ဖူးတာပေါ့.. ဒီဇာတ်လမ််းက ကျုပ်ဘယ်လောက် ဆိုးမိုက်ကြောင်း ဖျက်ဆီးတတ်ကြောင်းမဟုတ်ဘူး
ဒီမှာ ဒီဇာတ်လမ်းက Lucifer ဆိုတဲ့ကျုပ်အကြောင်းမဟုတ်ဘူးကျုပ်ကာကွယ်ပေးချင်လောက်တဲ့ အဖြူရောင်နတ်သားလေး
Luciferကိုမှ ချစ်မိသွားတဲ့ နတ်သားအရူးလေးအကြောင်း ပေါ့ဗျာ.....
___________________________"Jimin မက်မွန်သီးတွေ စားနေပြန်ပြီလား ကောင်းကင်ဘုံက မက်မွန်သီးတွေတော့ မင်းစားနေတာနဲ့တင် ကုန်တော့မှာပဲ"
မြေပေါ်မှာပြန်ကြဲနေတဲ့မက်မွန်စေ့တွေကို မယ်တော် မမြင်ရအောင် လက်နဲ့ကောက်စိမ်းလိုက်ပေမယ့် နှုတ်ခမ်းရဲရဲလေးက မက်မွန်နံ့သင်းသင်းလေးကိုတော့ ဘယ်လို ဖုံးကွယ်နိုင်မလဲ။
သွားတန်းလေးတွေကို ညီနေအောင် ပြုံးပြလိုက်ပြီး မယ်တော်ကို မျက်နှာချိုသွေးပြလိုက်သည်။

YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...