​မောင်

603 52 2
                                    

"​မောင် ကျွန်​တော်တို့လမ်းခွဲရ​အောင်"

"ဘာ?? Min​လေး ဘာဖြစ်လို့လဲဟင်"

နှုတ်ဆိတ်ကာတစ်ဖက်သို့လှည့်​နေ​သောချစ်သူ

မျက်၀န်း၌​ဆွေးရိပ်တို့သန်း​နေပါ​သည် ကျလုလုမျက်ရည်ကိုအတတ်နိုင်ဆုံးထိန်းထားသည်ထင်ပါရဲ့​

"​​မောင့်ကို​ပြောပါMin ဘာဖြစ်လို့လဲ"

"အ​ကြောင်းရင်းကလား"

သူ့ဘက်သို့မျက်နှာလှည့်လာ​သောချစ်ရသူနဲ့​မေးဖျား​လေးကိုဆွဲကိုင်လိုက်သည်

"​Min ​ပြောပါ"

"အ​ကြောင်းရင်းက​တော့​မောင့်ကိုဆက်မချစ်နိုင်​တော့လို့"

"မဖြစ်နိုင်တာ..."

"ဖြစ်နိုင်တယ်​မောင်"

"​မောင့်ကိုဘာလို့ဆက်မချစ်နိုင်ရ​တော့တာလဲ"

"​မောင် ကျွန်​တော်အမြဲပြောတယ်​လေ ​မေးခွန်းနှစ်ခုကိုတစ်ပြိုင်တည်း​မေးလို့မရဘူး ​ ဒီ​တော့ကျွန်​တော်တို့လမ်းခွဲရ​အောင် ​မောင်"

"​ကောင်းပြီ​လေ"

သူ့ရဲ့စကား​ကြောင့်မျက်လုံးကိုပြန်လှန်ကြည့်သည်

"ကျွန်​တော်တို့ဘယ်တုန်းကမှမပက်သက်ခဲ့ကြဘူးလို့မှတ်လိုက်ကြတာ​ပေါ့ Min Yoongi"

"​နှုတ်ဆက်ပါတယ်Park Ji...Min"

တစ်ဖက်ကိုလှည့်​နေတဲ့နေတဲ့ချစ်ရသူမျက်နှာကို​ကျောခိုင်းပြီးထွက်ခဲ့သည်

ပန်းခြံထဲမှာရွာ​နေတဲ့မိုးက​နွေရာသီ၏ပူ​လောင်းခြင်း​တွေကိုဖယ်ရှားပစ်ခဲ့သည်

"​မောင်" လို့​ခေါ်မယ့်သူကဘဝထဲကအပြီးအပိုင်ထွက်သွားခဲ့ပါပြီ

*****************************
  " Yoongi"

"Yoongi"

"Yahh Min Yoongi"

ပြတင်း​ပေါက်ကို​တွေ​တွေကြီးစိုက်ကြည့်​နေတဲ့YoongiကိုHoseokအသံမြင့်​ခေါ်လိုက်သည်

"ဟင် Hoba ဘာ​ပြောမလို့လဲ"

"မင်း ​နောက်တစ်ပါတ်Koreaကိုပြန်မယ့်ကိစ္စကဘယ်လိုလုပ်မှာလဲ"

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now