"နော် ကိုကို"
"ဂျီမကျနဲ့ကွာ"
စာသင်ခန်းထဲကစားပွဲခုံပေါ်မှာမှောက်အိပ်နေတဲ့ကောင်လေးတစ်ယောက်ရယ်
ဘေးနားကချစ်ဖို့ကောင်းအောင်ဂျီကျနေတဲ့ကောင်လေးရယ်ပေါ့
လေနုနုလေးကစာသင်ခန်းထဲမှာဖြတ်ပြေးနေသည်
နေ့လယ်ထမင်းစားချိန်မလို့အတန်းထဲမှာလူရှင်းနေသည်။"Minကိုကို့ကိုလွှတ်ထားပေးလို့မရဘူးလား"
"ကိုကိုကအဲ့လိုပြောတယ်ပေါ့ ဘာလဲ ကိုကိုကMinကိုမချစ်တော့ဘူးလား ကိုကိုကကောင်မလေးအသစ်ရနေလို့လား"
"Min!!"
Yoongiစိတ်မထိန်းနိုင်ဘဲအော်လိုက်မိတာကြောင့်Minရဲ့မျက်၀န််းမှာမျက်ရည်တွေရစ်သိုင်းလာသည်။
ဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတစ်ခုကိုအကျယ်ချဲ့လေ့ရှိတဲ့Minနဲ့အေးအေးဆေးဆေးပြသာနာမတက်ချင်တဲ့သူ့ကြားမှာဘယ်လိုနည်းဘယ်လိုဟန်နဲ့သံယောဇဥ်ကြိုးချည်မိလာသည်လည်းတကယ်ကိုမသိတော့တာ ..။
ခဏခဏဆိုသလိုတကျက်ကျက်ရန်ဖြစ်တတ်တဲ့အတွဲတွေထဲမှာမပါပေမယ့်စိတ်ကောက်တိုင်းလိုက်ချော့နေရတဲ့စာရင်းထဲမှာတော့No.1ဖြစ်လိမ့်မည်။
အိမ်တစ်အိမ်ရဲ့သားကြီးအရိုက်အရာကိုဆက်ခံထားတဲ့Minဟာ တစ်ဦးတည်းသောသားပမာ Yoongiအပေါ်ကိုဆိုးနွဲ့လွန်းသည်။
အသေးအမွှားတွေကိုပုံကြီးချဲ့လွန်းသည်။
အိမ်နဲ့ဝေးတဲ့နေရာမှာကျောင်းလာတက်တဲ့သူချင်းအတူတူ Minကသူ့ထက်ပိုပြီးကလေးဆန်သည်။
ဒါပေမယ့်လည်းMinရဲ့
ကလေးဆန်မှု တွေ တဇွတ်ထိုးလုပ်တာတွေနဲ့ ပုံကြီးချဲ့လွန်းတာတွေဟာအပြစ်ဆိုစရာမဟုတ်ခဲ့...ဒဏ်ရာတွေများလွန်းတဲ့Min ။
မှီခိုရာမဲ့ပြီးမှီခိုရာဖြစ်စေဖို့တောင့်ခံနေရတဲ့ဖြစ်တည်မှု။
မိဘဆိုတာမသိဘဲအဒေါ်တွေနဲ့ပဲနေလာရတဲ့ဘဝ။
Yoongiအပြစ်လို့လဲမမြင်သလိုMinရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့သာကြိုးစားခဲ့သည်။
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...