လက်သည်းရှည်တွေချွန်မြနေတဲ့ဓါးသွားလို လက်သည်းထက်ထက်တွေနဲ့ ကျောက်တောင်ကိုကုတ်ခြစ်နေရင်း တဟားဟားအော်ရယ်လိုက်သည်။
နောက်ဆုံးတော့...
နောက်ဆုံးတော့ သူမ မျှော်လင့်ခဲ့သောနေ့ကို ...
Satan ကိုအသုံးချပြီး လွတ်မြောက်ရမယ်..________________
"Lucifer"
Luciferရဲ့ နောက်နေခေါ်သံတစ်ခုကိုကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့
"ခေါင်းသုံးလုံးမြွေမိစ္ဆာ"
အနက်ရောင်ကိုယ်ကြပ်ဂါ၀န်နှင့် ဦးခေါင်းပေါ်ရှိ လူရိုးခေါင်းသရဖူကြောင့် မြွေမိစ္ဆာမှန်းသိလိုက်ရသည်။
"ကောင်းကင်ဘုံကိုသွားကယ်တင်မယ့်အချစ်သူရဲကောင်းကြီးပါလား"
"အပိုစကားမပြောနဲ့ မင်းဒီနေရာမှာတင် ပြာဖြစ်သွားမယ်"
Lucifer ရဲ့မျက်၀န်းတောက်တောက်တွေက မိစ္ဆာမရဲ့လည်ပင်းကိုတစ်ချက်ကြည့်လိုက်ရုံနှင့်တင်ူကြပ်လာသည်။
"Lucifer ကလည်းစိတ်လျှော့ပါ အိုး..တို့က ကးညီပေးမလို့"
"စိတ်မ၀င်စားဘူး"
Lucifer လှည့်ထွက်သွားမည်အပြု
"ဒါဆိုရင်ရော"
မြေမိစ္ဆာမရဲ့လက်ထဲတွင် ကျောက်စိမ်းလက်စွပ်
တစ်ကွင်း။ ထိုဘက်စွပ်သည် Lucifer ဆီမှ ခိုးယူသွားသောလက်စွပ်ဖြစ်သည်။ Luciferကိုကာကွယ်ပေးထားဖူးခဲ့သော လက်စွပ်.."မင်း.."
"ရော့ လိုချင်ရင်ယူသွား တို့ပြန်လိုချင်တာတစ်ခုပဲရှိတယ်"
"ဘာလဲ"
"နတ်ဘုရားတစ်ပါးပါးရဲ့အမြုတေ"
Lucifer ခပ်ဟဟရယ်လိုက်သည်။ ဒီမြွေမသည် ကောက်ကျစ်ပြီးစဥ်းလဲသည်။
"ဟက် မင်းက အာဏာမက်တဲ့မြွေပဲ"
" အာဏာတို့စွမ်းအားတို့ကို မလိုချင်တဲ့သူဘယ်မှာရှိသေးလို့လဲ Lu..ci..fer ရှင်လေးကိုယ်တိုင်ရော
မက်မောခဲ့တယ်လေ "ထိုမြွေမသည် Lucifer အနားတိုးလာပြီးပွတ်သပ်ကာပြောသည်။ Lucifer မျက်နှာတစ်ချက်ပျက်သွားပြီး..
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfic"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...