Wings

435 49 0
                                    

​ချောက်ကမ်းပါးစွန်းတစ်ခုတွင်ငိုသံသဲ့သဲ့ကြား​နေရသည်

ရှိုက်၍ရှိုက်၍ ငို​နေ​သောအသံဖြစ်​နေပြီးတစ်စုံတစ်ခုကိုကြေ​ကြေကွဲကွဲကြီးငိုရှိုက်​နေသ​ည်

အစကလှည့်မကြည့်ဘူးလို့ဆုံးဖြတ်ထား​ပေမယ့်

မ​နေနိုင်​သောစိတ်​ကြောင့် ​အ​တောင်ကိုရုတ်ကာ ​​​ပြေးသွားလိုက်သည်

​တောလိုက်ထွက်လာ​သောသူ့အဖို့သား​ကောင်ကိုသာစိတ်၀င်စားရ​ပေမယ့် ​ခေါင်း​​ဆောင် နယ်​မြေပိုင်ဆိုတဲ့တာ၀န်စိတ်​ကြောင့်မဟန့်တားမိပဲ​ပြေးသွားမိသည်

အဖြူ​ရောင်အင်္ကျီနဲ့​ကောင်​​လေးတစ်​ယောက်... ​ကျောကုန်းမှာ​သွေး​တွေစွန်းထင်း​နေသည်

ဒူး​ကိုပိုက်ပြီးငို​ကြွေး​နေသည်

"​ကောင်​လေး "

ထို​ကောင်​လေးကငို​နေတာရပ်သွားပြီးလှည့်ကြည့်သည်

ထို​ကောင်​လေးရဲ့မျက်နှာ​ကြောင့်သူ​နောက်ကိုယိုင်သွားသည်

"ဘယ်သူလဲ" 
ထို​ကောင်​လေးကအတ်တပ်ထရပ်လိုက်သည်

အဖြူ​ရောင်၀တ်စုံကို၀တ်ဆင်ထားပြီးလည်တိုင်တွင်ပဝါအဖြူ​ရောင််စီးထားသည်

​မျက်နှာတစ်ခြမ်းကမီး​လောင်ဒဏ်ရာအမာရွတ်​တွေ​ကြောင့်​ကြောက်စရာ​ကောင်းသည့်အသွင်​​ပေါ်​နေသည်

သူ နည်းနည်းပြန်ထိန်းလိုက်ပြီးထို​ကောင်​လေးအနားမှခပ်လှမ်းလှမ်းက ပြန်​ဖြေလိုက်သည်

"ငါ့နာမည်ကMin Yoongiပါ ဒီ​တောအုပ်ရဲ့အပိုင်နတ်မင်း"

"နတ်မင်းကဘာလာလုပ်တာလဲ နယ်​မြေအစွန်အဖျား​ရောက်​နေပြီဆိုတာမသိဘူးလား"

"သိတာ​ပေါ့ ဒါ​ပေမယ့်မင်းငို​နေသံကြားလို့"
ထို​ကောင်​လေးက​ရှေ့ကိုတလှမ်းချင်းတိုးလာသည်

"ခင်ဗျားကျွန်​တော့်ကို​ကြောက်စရာမလိုပါဘူး  ကျွန်​တော့်က သူတို့လိုမဟုတ်ဘူး"

"အ..အင်း ဒါနဲ့မင်းကဘာလို့ငို​နေတာလဲ"

"ကျွန်​​​တော့်ရဲ့အ​တောင်​တွေ​လေ သူတို့အတင်းဖြတ်ယူသွားကြတယ် ပြီး​တော့အဲဒီအ​ကောင်ကသူကကျွန်​​တော့်ကိုဒီလ်ုဖြစ်​အောင်လုပ်ခဲ့တာ"

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now