𝗗 𝗢 𝗟 𝗟 𝗛 𝗢 𝗨 𝗦 𝗘 2️⃣

273 39 23
                                    

အဖြူ​ရောင်သတို့သား၀တ်စုံက​ ​ထောင့်တ​နေရာမှာချိတ်လျက်သားရှိ​နေသည်။
မျက်​မှောက်​ရှေ့တည့်တည့်မှာရှိ​နေတဲ့မှန််သားကြည်လင်လင်ထဲမှာ မယုံနိုင်စရာ​ကောင်းတဲ့ Park Jiminကိုမြင်​နေရသည်။

"သတို့သားရဲ့မျက်နှာ​လေးက​လေ ​ချောပြီးမွတ်​နေတာပဲ"

"ဟင်း"

မိတ်ကပ်ဆရာမက​ပြောတဲ့စကားကိုခပ်ယဲ့ယဲ့သာပြုံးရင်း ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်သည်။ အနီ​​ရောင် ​ဆေးတင်ထားတဲ့နှုတ်ခမ်းပါးဟာခပ်ရဲရဲဖြစ်​နေသည်။ သို့​သော် ပါးပြင်​ပေါ်တင်လိုက်တဲ့လက်ဝါးရာ​တွေ​ကြောင့်ရဲတွတ်ပြီး​သွေးစို့​နေတဲ့နှုတ်ခမ်းပါး​လောက်​တော့မလှ။

မျက်နှာ​ပေါ်​ပြေးလွှား​နေတဲ့သား​မွေးစုပ်တံ နုနု​လေး​တွေအစား App​a​ခေါ်လာဖူးတဲ့မိန်းမ​တွေရဲ့လက်သည်းရာ​တွေကသာပိုပြီး​နေသားကျ​နေ​လျေသည်။

"သတို့သားက မင်္ဂလာ​ဆောင်ရမှာကို​တွေးပြီး စိတ်လှုပ်ရှား​နေတာထင်တယ်"

မိတ်ကပ်ဆရာမ​ပြောလိုက်မှသတိရမိတာ သူ့ပါး​ပေါ်မျက်ရည်​တွေ။
​နောက်တစ်ကြိမ် ခပ်​ယေး​ယေးပြုံးလိုက်ပြီးတစ်ရှူးနဲ့အသာတို့လိုက်သည်။

"ကဲ နတ်သား​လေးကျ​နေတာပဲ ဆရာ Minက​တော့ မြင်တာနဲ့​ကြွေဆင်းသွား​တော့မယ်"

မိတ်ကပ်ဆရာမကရွတ်​နောက်​နောက်​ပြောပြီးထွက်သွားသည်။

အ၀တ်လဲခန်းထဲမှာတစ်​ယောက်တည်း။
မျက်လုံး​ပေါ်မှာတင်ထားတဲ့မိတ်ကပ်​​တွေကို လက်မနဲ့ဖိဆွဲလိုက်သည်။
ပျံ့နှံ့သွားတဲ့​အနက်​ရောင် Liner​​တွေ..နှုတ်ခမ်းကိုလည်းထိုနည်းလည်း​ကောင်းပွတ်ဆွဲလိုက်​တော့ နှုတ်ခမ်းနီ​တွေပျံ့နှံ့သွားသည်။

​ခြေသလုံးမှာအမြဲတမ်းပတ်ထားတတ်တဲ့​ငွေ​ရောင်ဓါး​လေးကိုဆွဲထုတ်လိုက်ရင်း အင်္ကျီလက်ရှည်ကိုအ​ပေါ်ဆွဲတင်လိုက်သည်။

အနီ​ရောင် အစင်း​ကြောင်း​တွေ လက်တစ်ခုလုံးပြည့်နှက်လို့​နေသည်။ တစ်ချက်ပြုံးလိုက်ရင်း ဓါးထက်ထက်ကို လက်ဖျံ​ပေါ်တင်လိုက်​​တော့...

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now