L.O.V.E

435 30 14
                                    

အချစ်ဦးမလို့ရူးမတတ်ခံစားရတာလား..​မောင်...
ကျွန်​တော့်ဘဝက​ပေးဆပ်ခြင်းသာသာဆို​ပေမယ့် ​မောင်က ကစားရက်တယ်..​​
မောင့်​ကြောင့်​လေ..Twin flameဆိုတဲ့ ပညတ်က Flameဆိုတဲ့မီး​တောက်လို ပူ​လောင်ရလားလို့​တောင်ထင်မိတယ်..။

ဒါ​တောင် ​မောင်ကရယ်ရက်​သေးတယ်​နော်..။ ​
မောင်ကကျွန်​တော့်နှလုံးသားကို လှုပ်ရှား​စေပြီးမှ​အေးခဲမတတ်ဖြစ်​စေခဲ့တယ်...
Move on ဆိုတာခက်ခဲ​ပေမယ့်ကျွန်​တော့်အပြီးသတ်လိုက်ပြီ..
ခုချိန်ကစပြီးကျွန်​တော် L.O.V.E ဆိုတာကို
မယုံကြည်​တော့ဘူး.

_____________________________

လျို့၀ှက်စွာ​နေရခြင်းဟာာ အဆင်မ​ပြေလှပါ။
တစ်ချိန်တစ်ခါဆုံးရှုံးပြီးသား..အများနှင့်မတူ​မွေးဖွားလာခြင်းမှာအခွင့်အ​ရေးယူခဲ့​သောသူ့​ကြောင့်..။

​ရွှေ​ပေါ်မြတင်ပန်းတစ်ပွင့်ဟာ နွံအိုင်ထဲကိုအနင်း​ချေခံခဲ့ရသည်။
တစ်ကိုယ်လုံး​ချွေး​တွေစိုရွှဲ​နေပြီးမျက်ခွံ​အောက်ကမျက်လုံးအိမ်သည်​ဂနာမငြိိမ်ရွေ့လျား​နေသည်။

ဝိုးတဝါးမြင်ရ​သောပုံရိပ်​လေးနှစ်ခု..။ ဆံပင်အနက်​ရောင်​လေးနဲ့ကျစ်ဆံမြီးကိုနှစ်ဖက်ခွဲစီးထား​သောသူ..။
​နောက်တစ်​ယောက်​တော့​ရွှေ​ရောင်ဆံပင်​လေးနဲ့..

"မင်ဟို, ဆူလီ"

​ကျောပြင်ငယ်​လေးနှစ်ခုဆီကို၀မ်းသာအားရ​ပွေ့ဖက်လိုက်​တော့..အခိုးအ​ငွေ့သာသာ..။
​အ​ရှေ့ခပ်လှမ်းလှမ်းမှာ​တော့လှည့်ကြည့်​နေတဲ့မျက်၀န်းနှစ်စုံ။
ဖြူ​ဖျော့​နေပြီး ​သွေး​ရောင်လွှမ်း​နေ​သောအကြည့်များနှင့်.. လက်သည်းထိပ်​လေး​တွေဟာမဲနက်သည်။ ထိုလက်​ချောင်း​လေးများနှင့် သူ့ကိုလက်ညိုးထိုးလိုက်ပြီး..

"ဒီ​လောကကြီးမှာသမီးတို့ကအသက်ရှင်ဖို့မထိုက်တန်တာလား"

"မဟုတ်ဘူး!!!"

တစ်ကိုယ်လုံး​ချွေး​တွေရွှဲကာ တဆတ်ဆတ်တုန်ရီ​နေပြီး ထထိုင်လိုက်သည်။
အနားမှာရှိတဲ့​ရေခွက်ကိုမလှမ်းမှီ အပြင်က​နေကြားရ​လောက်​အောင် မြန်ဆန်​နေ​သောနှလုံးခုန်သံ​ကြောင့်။
မျက်ရည်​တွေ​ဝေဝါး​နေ​သောမျက်လုံးကိုလက်ဖမိုးနှင့်ဖိသုတ်လိုက်သည်။

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now