I've crushed on school bad boy (2)

349 43 14
                                        

"​​ရော့ ဟို​တ​နေ့ကစာလာသင်ပေးပြီးဘာမှမ​ကျွေးလိုက်ရလို့"

အိမ်စာ​ရေး​နေတဲ့အချိန်မှာစားပွဲ​ပေါ်ကို​စောက်လာတဲ့ ​ရေခဲမုန့်ဘူး​လေး။ Jimin​မော့ကြည့်လိုက်​တော့ မ​ပြောင်းမလဲ မျက်ခုံးတန်း​တွေကို တွန့်ချိုးမတတ်
ခပ်တည်တည်ကြည့်​နေသည်။

"ဟု..ဟုတ် ​ကျေး..​ကျေးဇူးပါ​နော်"

"မလိုဘူး"

စားပွဲ​ပေါ်ကိုချလာ​ပေးတဲ့ ​ရေခဲမုန့်ဘူး​လေးကိုYoongiထွက်သွား​တော့မှကြည့်လိုက်မိသည်။ Mint Chocolate အရသာပဲ။ တကယ်​တော့ Mint Chocolate အရသာက Jiminကြိုက်တဲ့အရသာ​တော့မဟုတ်။ တစ်နည်းအားဖြင့်ဆိုလျှင် ​ရေခဲမုန့်ဆိုင်သွားရင်​တောင်တစ်ခုထဲကျန်​သော Mint Choclateဆိုလျှင်မည်မျှပင် ​ရေခဲမုန့်ကြိုက်ကြိုက်​မ​ရွေးချယ်ပါ။ အခု​တော့.. အခု​တော့လား. အင်း ​ပေးတာဆိုလည်း စားရမှာ​ပေါ့။

"Hey Chim"

"Hoseok လာ​လေ"

Hoseokက​ရောက်လာပြီး သူ့နားမှာ၀င်ထိုင်သည်။

"Mint Chocolateလား ​ပြော​တော့မကြိုက်ဘူးဆို"

"လာ​ပေးလို့စားလိုက်တာ"

"​အော် Yoongiလား ငါ့လည်းလာ​ပေးသွား​သေးတယ် ငါမစားချင်ဘူးလို့ ငြင်းလိုက်လို့"

Jimin စား​နေတဲ့​ရေခဲမုန့်သည်ရပ်တန့်သွားသည်။ အ​တွေးထဲမှာ​ပေါ်လာတဲ့အရာ​တွေက ရှုပ်​ထွေးလွန်းလှသည်။ Jiminကိုလာ​ပေးတုန်းက ​ရေခဲမုန့်ကနည်းနည်း​ပျော်​နေသည်။ ပြီး​တော့..Hoseokဆိုတာက ​အ​ချောကြီး မဟုတ်​ပေမယ့် ​တောက်ပတဲ့အပြုံးနဲ့ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးပဲ​လေ။

Jiminက​တော့အနည်းငယ်ပြည့်ပြည့်​လေးနဲ့အရပ်လည်းသိပ်မရှည်။ မျက်မှန်အနက်၀ိုင်း၀ိုင်း​လေးနဲ့ဆို​တော့​​ရော။

Hoseokသ​ဘောကျကြတယ်ဆိုတာ​တော့မကြားဘူး​ပေမယ့် ဒီလိုလူမျိုးကိုတတိတ်တခိုးနေသူ​တွေရှိ​နေနိုင်သည်။ ထိုအထဲတွင် Yoongi...

"Jimin ​ရေခဲမုန့်အရည်​ပျော်​တော့မယ် မစားချင်ရင်​ပေး ငါစားလိုက်မယ်"

တစ်၀က်​ကျော်​ကျော်ကျန်​သေး​သော ​ရေခဲမုန့်ဘူးကို Hoseokကို​ပြုံးပြီး​ပေးလိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်စား​နေ​သော Hoseokက ချစ်စရာယုန်​ပေါက်​လေးနဲ့တူလှပါသည်။ တနည်းအားဖြင့်ဆိုလျှင် Mint Chocoဆိုတာလည်း Hoseokကြိုက်​သော အရသာ။

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now