"Yoongi ကျွန်တော် ဆေးမထိုးချင်ဘူး"
"မရဘူး ထိုးမယ်"
"ဟင့်အင်း မထိုး.."
အိပ်ရာခေါင်းရင်းကိုကျုံ့သထက်ကျုံ့၀င်လိုက်ပြီး ဆေးထိုးအပ်ကိုင်ထားတဲ့ဆရာ၀န်မလေးနာူကနေပြေးနေမိသည်။ Yoongiကကုတင်ခြေရင်းကနေသူ့ကိုမျက်မှောင်ကြုံ့ကြည့်ကာပြောနေသည်။ Jimin ဘဝမှာဆေးထိုးရတာကိုကြောက်သည်။
ဆေးထိုးအပ်မြင်ရင်ကိုလန့်နေတာဖြစ်သည်။
ရွှေဝါရောင်ဆံပင်လေးနဲ့ဆရာ၀န်မလေးကသူ့ကိုကြည့်နေရင်း..
"အသေးလေး မနာဘူးလေ Noona ခဏပဲနော်"
"မထိုးဘူးလို့ဆို"
"ဟာကွာ တောက် Park Jimin!!!"
ထိုအသံသည်အိမ်တော်တစမခုလုံးကိုသိမ့်သိမ့်တုန်သွားမတတ်ဖြစ်သွားသည်။ စောင်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားတဲ့လက်တွေပြေလျော့သွားသည်။
ဘာမှန်းမသိဝေ့တက်လာတဲ့မျက်ရည်တွေကိုခပ်မြန်မြန်ခေါင်းငုံ့ပြီးခတ်လိုက်သည်။"မထိုးချင်ရင်တစ်သက်လုံးမထိုးနဲ့
သေချင်တယ်မလား အေး ကိုယ်ဖြစ်ကိုယ်ခံပဲ!!""ဒုန်း"
အခန်းတံခါးကိုစောင့်ပိတ်သွားသံနှင့်အတူ မျက်ရည်တစ်ချို့လိမ့်ဆင်းသွားသည်။ ဘာလို့ခင်ဗျားကျွန်တော့်ကိုစာနာမပေးနိုင်ရတာလဲ Yoongi..
"Yoongiက အဲ့ဒီလိုပဲ အသေးလေးရေ သူက.."
"ကျွန်တော့်ကိုဆေးထိုးပေးတော့နော်"
ခံစားချက်မရှိသောမျက်နှာဖြစ်သွားသော အသေးလေးကို ဆေးဆက်ထိုးရမလား မထိုးရဘူးလား ဝေခွဲမရဖြစ်နေတာကြောင့် မောင့်ကိုလှမ်းကြည့်လိုက်သည်။ မောင် က Jennieကို မျက်လုံးမှိတ်ပြလိုကိသည်။
အတတ်နိုင်ဆုံးမနာစေဖို့အတွက်Insulinအပ်ကိုသာရွေးချယ်ပြီးထိုးလိုက်သည်။
မျက်နှာတစ်ချက်ရှုံ့သွားပြီး တွန့်သွားသည်။ သို့သော်ခံစားချက်မဲ့သောမျက်လုံးများ။
![](https://img.wattpad.com/cover/289232787-288-k962131.jpg)
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...