"ဟဲ့"
မနက်စာစားနေတဲ့အချိန်မှာ လေပေါ်ကနေ၀ဲလာပြီးရဲတိုက်ပြတင်းပေါက်နေတစ်ဆင့်၀င်လာသော...
Yoongi သောက်လက်စ အနီရောင်သွေး၀ိုင်ခွက်ကို ချလိုက်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်သည်။
ဒီကောင်မလေး ဒီကိုဘာလို့လာလဲဆိုတာ Yoongi သိသည်လေ...
"နင် အစားစားနိုင်သေးတယ်နော် ဟိုက စစ်ကြေညာပြီး နယ်စပ်ဒေသကိုစတိုက်နေပြီ"
"အော် ဟုတ်လား"
Yoongi တစ်ချက်ရယ်လိုက်ပြီး ၀ိုင်ခွက်ကို Jennieဆီကမ်းပေးလိုက်သည်။
"နင် ဒါကိုပြောဖို့ငါ့ဆီကို ပျံလာတယ်ပေါ့"
"ဒီမှာ ငါပြောမယ် နင် Nolarni Hybirdက ဒီတစ်ခါတစ်ဦးတည်းမဟုတ်ဘူးနော် Werewolfပါ ပါတယ်"
Yoongi ထရပ်လိုက်ပြီး လက်မနဲ့အစွယ်တွေကိုပွတ်ဆွဲလိုက်သည်။
"Jennie နင်လိုက်ခဲ့ အော် ငါတို့နယ်စပ်နားမှာ Hamdy မြစ်ရှိတယ်မလား"
"Lalisa ရဲ့ နယ်မလား"
Jennieကသူ့တောင်ပံတွေကို ၀င့်ကြ့ားစွာရိုက်ခတ်လိုက်ရင်း..
"အရုပ်လေးတွေနဲ့ရေသွားဆော့ရအောင်ကွာ Laliceလဲပျင်းနေမှာ"
"Hamdyထဲရောက်ရင်Sirenတွေဆက်ရှင်းကြမှာပဲ"
၀ုန်း..
အတောင်ပံနှစ်စုံခတ်လိုက်တာနဲ့ရဲတိုက်ဟာ သိမ့်ခနဲ..
Jennieက မဲ့ပြုံးပြုံးလိုက်ရင်း အတောင်ထိပ်က အစွယ်တွေကို လှမ်းကြည့်လိုက်သည်။
မပျောက်သေးတဲ့ အမာရွတ်တစ်ခု..
"တောက် ခွေးစုတ်တွေ ငါ့အတောင်ကို လာကိုက်တာ"
မောင်မင်းကိုလာခေါ်ပြီလပြည့်၀န်း
_
_
_
Jennieရော Yoongiပါ ကောင်းကင်ထက်ကနေ ပုရွက်ဆိတ်သာသာပဲရှိတဲ့ တပ်စုနှစ်စုကသူတို့ရဲ့နယ်မြေခံတပ်တွေကို ဖြိုဖို့ကြိုးစားနေခြင်းအားကြည့်နေသည်။
Yoongi ပြုံးလိုက်ပြီး တပ်စုအလည်မှာ စစ်၀တ်စုံအပြည့်အစုံ၀တ်ထားတဲ့ အပြာရောင်လ၀န်းလေးကိုကြည့်နေမိသည်။ မြင်းဖြူကိုစီးထားပြီးသံချပ်ကာ
ခေါင်းဆောင်းဟာ သူ့ရဲ့လှပခြင်းကိုမကွယ်နိုင်။
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...
