"Jimin ah မထသေးဘူးလား"
"အွန်း......."
အိပ်ရာထဲမှာJimin လူးရင်းလွန့်ရင်းအပျင်းကြောကိုဆွဲဆန့်လိုက်သည်
" Park Jimin!!ထမှာလား မထဘူးလား"
"အွန်း...Oka-san"
ဒုတိယအကြိမ်အဖြစ်Jimin အိပ်ရာပေါ်ကိုအိပ်ချင်မူးတူးထထိုင်လိုက်သည်
"PARK JIMIN!!"
" Hai Oka-san ထပါပြီ"
Jiminမတ်တပ်ထရပ်လိုက်ပြီးအသံကျယ်ကျယ်နဲ့ပြန်ဖြေလိုက်သည် မဟုတ်ရင်Oka-sanကဇွန်းပျံတွေပန်းကန်ပျံတွေလာတော့မည်
အိပ်ရာကိုကြည့်ကောင်းအောင်ပြင်လိုက်ပြီးရေချိုးခန်းထဲ၀င်မျက်နှာသစ်သွားတိုက်ကာအောက်ဆင်းလာလိုက်သည်
"Ohio Oka-san"
"နင်ဒီနေ့ပထမဆုံးကျောင်းတက်ရက်လေ နောက်ကျလို့ဖြစ်မလား မြန်မြန်စား"
Oka-sanပြင်ပေးတဲ့ကြက်ဥထမင်းကြော်ကိုစားပြီးကော်ဖီသောက်လိုက်သည်
"ခုဘယ်နှနာရီလဲOka-san"
" 7နာရီခွဲလေ"
"ဟားဟားOka-sanရေ ကျောင်းက 9နာရီမှတက်တာ"
"ဟင်?? နင်မနေ့ကတော့ပြောတော့8နာရီဆို"
Oka-san ရဲ့ခဏတာတွေဝေသွားတဲ့အကြည့်ကြည့်ရင်းJiminမရယ်မိအောင်ထမင်းကြော်ကိုသာသွတ်နေလိုက်သည်
"သားအကြောင်းသားသိလို့ကြိုနှိုးခိုင်းထားတာ"
"Yahhh!!Park Jimin!!"
"သွားပြီOka-sanရေ"
Oka-sanထုတ်ပေးထားတဲ့ထမင်းဘူးလေးကို ဆွဲကာပြေးသွားလိုက်သည်
Oka-sanရဲ့ဒေါသတကြီးအော်သံကိုတော့ကြားလိုက်ပါရဲ့...
Jiminဘတ်စ်ကားပေါ်မှာOka-sanထုတ်ပေးထားတဲ့ထမင်းဘူးလေးကိုဖွင့်ကြည့်လိုက်သည်
ခေါက်ဆွဲတစ်ချို့နဲ့Salmon Sushi
အချိုမုန့်အတွက် လှလှလေးပြင်ထားတဲ့ဂျပန်အချိုမုန့်တွေပြင်ထားသည်
ဖုန်းကိုဖွင့်ပြီး Oka-sanဆီMsg ရိုက်လိုက်သည်
<Arigato Oka-san Aite shitae iru>
YOU ARE READING
𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀
Fanfiction"ဓါတ်ပုံတစ်ပုံရိုက်ခါနီးရင်ဓါတ်ပုံဆရာတွေက"Say Cheese"လိုပြောတတ်ကြတယ် 🧀🧀 မတူကွဲပြားတဲ့Cheeseတွေကမတူကွဲပြားတဲ့အရသာတွေကိုပေးသလိုမတူညီတဲ့Memoriesတွေကမတူညီတဲ့အမှတ်ရမှုမျိုးကိုပေးတယ် 🧀🧀 ဒီတော့ကိုယ်တို့ရဲ့မတူညီတဲ့Cheeseလေးတွေအကြောင်းကိုလ...
