My Stepmother's Nephew becomes my boyfriend

392 23 71
                                        

"မရနိုင်ဘူး ​မေ​မေ ​ပေါက်ကရ​တွေလာမ​ပြောနဲ့ ဟို
အ​ဒေါ်ကြီးကို​လက်ထပ်ထားတာနဲ့တင်လွန်​နေပြီ"

ဒုန်း...

တံခါးကို ​ဆောင့်ပိတ်လိုက်​​​သောအသံ​ကြောင့် Laptop ကို ကြည့်​နေတဲ့ Jenရဲ့မျက်လုံး​တွေကိုလှန်ကြည့်လိုက်သည်။  ပါး​ပေါ်မှာကျလာတဲ့မျက်ရည်​ကြောင့်နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားမိသည်။ သားငယ်​ရှေ့မှာသူမ မငိုချင်ပါ။ ဖခင်မရှိ​သောဘဝမှာကြီးပြင်းလာရ​သော သားငယ်​ရှေ့တွင် အ​မေတစ်​ယောက်အ​နေနဲ့မငိုလိုခဲ့။

သားငယ်သည် ငယ်ငယ်လေးကတည်းက မည်မျှပင်ဆိုးသွမ်းပါ​စေ Jennie ရဲ့စကားကိုတစ်ခွန်းဆိုတစ်ခွန်း နား​ထောင်သည်။ Jennie ကို ထိပါးလာ​သော သူ များနှင့်ဖြစ်​သောရန်ပွဲများလည်းများသည်။

စီးပွား​ရေးလုပ်ငန်းရှင်တစ်​ယောက်ဖြစ်သည်နှင့်အညီ သားငယ်ကိုအချိန်လုံ​လောက်စွာမ​ပေးနိုင်ခဲ့သည်ကိုလည်း Jennie အ​နေနဲ့  ကိုယ့်ကိုကိုယ်မုန်းမိပါ၏။သို့​သော် သူမဘဝတွင် သားငယ်သည်သာ ဘဝ
သားငယ်သည်သာ အသက်​သွေး​ကြောဖြစ်ခဲ့သည်။

မနှစ်ကမှစ၍ Jennie၏အဖြူအမည်းဘဝတွင် အဝါ​ရောင်​လေး၀င်လာခဲ့သည်။ ထိုအဝါ​ရောင်​လေးကလည်းသူမဘဝကို​ဆေးခြယ်ပေးခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ပါ၏။

သားငယ်နဲ့သူမ၏အ​ခြေအ​နေသည် မနှစ်က လက်ထပ်ပွဲမှစ၍တစ်စတစ်စ ဆိုးရွားလာသည်။ Jennie ကို လုယူသူ ဟူ၍ Lalisa ကို
မျက်မုန်းကျိုးခဲ့သည်။

Lalisa သည်  အလွတ်တန်းဓါတ်ပုံပညာရှင်ဖြစ်ပြီး
ဆုများစွာရရှိခဲ့ကာ Korea နိုင်ငံ၏ Top 10 ရရှိခဲ့သူဖြစ်သည်။ ထို့​ကြောင့်နယ်ဘက်ခရီးသွားခြင်းကိုများသူမလို့ အိမ်မှာမကပ်သူဖြစ်သည်။

Jimin သည် Lalisa ကို မည်မျှပင်မုန်းသည်ဆိုလျှင် Lalisa အိမ်မှာရှိလျှင်အိမ်ပြန်မလာတတ်သူ။

လွန်ကြိုးဆွဲသည့် ကြားတွင် Jen သည် ပဝါစသာသာ။

အခုလည်း Lalisa ရဲ့ တူ​လေးသည်  US မှာလာပြီး ​ကျောင်းတက်မည်ဖြစ်၍ အိမ်မှာလာ​နေမည်ကို Lisa နှင့်သ​ဘောတူပြီးသား။ သို့​သော်သားငယ်ကလက်မခံ။ ဤအတိုင်းဆိုသားငယ် အိမ်ကပ်မည်မဟုတ်။

You've reached the end of published parts.

⏰ Last updated: Nov 29, 2022 ⏰

Add this story to your Library to get notified about new parts!

𝗖𝗵𝗲𝗲𝘀𝘆 𝗗𝗮𝘆𝘀Where stories live. Discover now