"Ya..... PARK JIMIN!!!!!!!.."
Hoseok hyung တယောက်တော့ အောက်ကနေအာပြဲကြီးနဲ့အော်နေပြီ။ဘာဖြစ်ပြန်ပြီလဲမသိ ဘာတွေမွှေထားတုန်း PARK JIMIN ရယ်။
Ho bi hyung ခေါ်သံကြားတော့အိပ်ချင်မူးတူးနဲ့အောက်သို့ဆင်းလာခဲ့သည်။
"အော် အကိုတော်လေး ကြားသားဘဲနော် ကျွန်တော်မျိုးခေါ်တာ ...."ကျွန်တော်အား ခါးထောက်ပြီး ပြောနေလေရဲ့။
"ကြားတာပေါ့ hyung ကလည်း အာပြဲကြီးနဲ့အော်နေပြီးတော့ ဘာလို့ အဲ့လောက်အော်နေရတာလဲ အိပ်နေတာကို...."
"အော် ကိုတော်ချော အချိန်ကိုလည်းကြည့်အုန်း နေဖင်ထိုးနေပြီး အိပ်ပြမနေနဲ့...."
"ဘာဖြစ်နေကြတာလဲ...."
TAEHYUNG တယောက်အောက်မှအသံကြား၍ဆင်းလာသည်။
"ဘာဖြစ်ရမလဲ မင်းတို့နှစ်ကောင် ညတုန်းက ဖွထားတာတွေလေ လုပ်ပြီးရင်လည်း နည်းနည်းပါးပါးပြန်သိမ်းပါလား အိမ်ကိုကြည့်ရှုပ်ပွနေတာဘဲ မင်းတို့ကတော့ အိပ်လို့ကောင်း ငါကဒီမှာ ရှင်းရတော့မယ်...."
"မရှင်းချင်လည်း မရှင်းနဲ့ပေါ့ hyung ရယ် ပြီးကျမှ ကျွန်တော်တို့ရှင်းလိုက်မှာပေါ့..."
JIMIN တယောက် ဆံပင်တွေကိုထိုးဖွကာပြောနေသည်။TAEHYUNG လဲ နားညီးမှာဆိုး၍ဝင်ပြောရသည်။
"မင်း......."
"တော်ပါတော့ hyung ရယ် ကျွန်တော်ရှင်းလိုက်ပါ့မယ် hyung ရုံးသွားရမှာမလားသွားတော့လေ ...😁"ကျွန်တော်လည်းမျက်နှာချိုသွေး၍ hyung ကိုရုံးသွားခိုင်းရသည်။မဟုတ်ရင် ဆက်ပြီး နားပူအုန်းမှာ ဟိုကောင်ကလည်း ပါးစပ်မပိတ်ထားဘူးပြန်ပြန်ပြောနေတော့ပိုဆိုး။
"ကယ် မင်းလည်း တက်တော့ သွား ရေသွားချိုးပြီးရင် သွားကြမယ်..."
"ဘယ်ကိုလည်း...."
"အော် မုန့်သွားစားကြမယ်လေ hyung က ဘာမှမလုပ်ပေးသွားဘူး..."ကျွန်တော်လည်း အပေါ်သို့ ပျင်းရိစွာတက်လာခဲ့သည်။ရေချိုးရန်ပြင်သည်။
Hello အားလုံးဘဲ ကျွန်တော်က PARK JIMIN ပါ။ကျွန်တော် TAEHYUNG တို့ ညီအစ်ကိုနဲ့တူတူနေပါတယ်။မေမေတို့က နိုင်ငံခြားမှာဆိုတော့ ကျွန်တော် သူတို့နဲ့နေတာတော်တော်ကြာနေပြီ။HO BI hyung ကအကြီးဆုံးပေါ့ အမြဲ အသန့်ကြိုက်ပြီး ပူညံပူညံလုပ်တတ်တဲ့သူပေါ့။သဘောလည်းကောင်းတယ်။ကျွန်တော်နဲ့ Taehyungနဲ့က ဟိုးငယ်ငယ်လေးထဲကသိခဲ့ကြတာ။ကျွန်တော်က ပန်းလေးတွေကိုချစ်တော့ ပွဲအခမ်းအနားတွေမှာ ပန်းအလှဆင်ပေးတဲ့ အလုပ်လုပ်ပါတယ်။Ho bi hyung ကတော့ ရုံးမှာအလုပ်လုပ်တယ်။Taehyung ကတော့ ဘာမှမလုပ်အိမ်မှာဘဲနေပြီး အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက်ပေါ့။ကျွန်တော်ကိုတော့တခါတလေ ကူညီပါတယ် ဆိုင်ကိုလိုက်ပြီး မုန့်လိုက်စားတာလေ😅။
______________________________________
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...