(A/N)အရှေ့ကစာလေးကိုနည်းနည်းပြန်ယူထားတယ်နော် ဖတ်ရတာ ရောသွားမှာဆိုးလို့😁😁
အပြင်ကိုထွက်လာပြီး ပုံကိုခြံထဲမှာဘဲ ဆွဲဖို့စိတ်ကူးလိုက်သည်။ထိုနောက် ဟိုဘက်ထိဘက်လည်ပြီး တယောက်ယောက်ကိုရှာသည်။ဟောတွေ့ပါပြီ......
"Moe Moe !!!!!"
ငါကိုဘယ်ကအော်ခေါ်နေတာလဲ ဖြဲကားပြီးတော့
Moe တယောက်ဟိုဘက်ဒီဘက်လှည့်ကြည့်တော့ တွေ့ပါပြီ ခြံထဲက ပန်းပင်လေးတွေနားမှာ အော်ခေါ်နေတဲ့ ကိုယ်တော်ချော။Jk🐇: "Moe လာပါဦးဒီနားကို"
အနားသို့ဆူပုတ်စွာဖြင့်လျှောက်လာလေရဲ့။
Moe🐁:" ဘာလဲ ဘာပြောမို့လဲ ငါ အလုပ်သွားရဝော့မှာ မအားဘူး"
တခုခုပြောပြီးခိုင်းတော့မယ်ဆိုတာကြိုသိလို့ ပြောထားရသည်။မဟုတ်ရင် မရမခြင်းနားပူနေမှာ။
Jk🐇: "Moe ကလည်း ပြောစရာလေးရှီလို့ပါ"
Moe🐁:"မြန်မြန်ပြောအချိန်မရဘူး"
Jk🐇: "အေးပါ အဖွားကငါ့ကိုမနက်ဖြန်ကျရင်ဧည့်သည်တွေကိုသွားကြိုခိုင်းတယ်။ဧည့်သည်လာမှာသိတယ်မလား။"
Moe🐁:"Imm သိတယ်လေဘာဖြစ်လဲ"
အော် yoongi hyung ညီမလို့မပြောရဘူး အလိုက်ကန်းဆိုးကိုမသိ။စကားပြောရင်လည်း သူများကအရှည်ကြီးဆို သူကတိုတိုတုတ်တုတ်။
Jungkook လဲ မျက်နှာချိုသွေးပြီးပြုံးပြကာ။
စိတ်ထဲမှာတော့ထုချင်နေပြီ။
Jk🐇:"အဲ့တာ နင်သွားကြိုပေးပါလားလို့
ငါက သွားမကြိုချင်လို့ လုပ်ပါနော်"
Moe🐁:"နင့်ကိုကြိုခိုင်းတာလေ ငါကဘာလို့သွားကြိုရမှာလည်း။နင်လည်း အားနေတာဘဲ မနက်အစောကြီးမှမဟုတ်တာ သွားကြိုလိုက်ပေါ့"
Jk🐇:"မကြိုချင်ပါဘူး....နော် ...လုပ်ပါနော် သွားကြိုပေးပါနော်.."
Moe🐁:"ကိုယ်ဘာသာကိုယ်သွားကြိုလိုက်ပါဟာ ငါလည်းမအားဘူးလေ ခြံထဲသွားရမှာ သိရဲ့သားနဲ့ "
Jk🐇:"မသွားနဲ့ပေါ့ဟာ တရက်တလေဘဲကို လုပ်ပါနော်။ အီး ဟီး ဟီး။ "
ဟဲ့ အော် ဘယ်လိုဖြစ်လို့ ဖင်ထိုင်ချပြီးငိုနေရတာတုန်း။သူများတွေမြင်ရင် အငယ်က အကြီးကိုအနိုင်ကျင့်တယ်ထင်နေအုန်းမယ်။ကလေးကလားနဲ့ အရွယ်ကဖြင့်ကြီးလို့ လင်ယူလို့ရနေပြီ။မရှိတဲ့မျက်ရည်ကို အတင်းညစ်ထုပ်နေတယ်။
Moe🐁:"အာ Jungkook ထ ထ ဘာလို့ငိုနေတာလဲ"
သူ့ကိုထူလည်းထူလိုက်ရော ရှုံ့မဲ့မဲ့နဲ့
Moe🐁:" ကယ်ပြော မကြိုချင်ရတဲ့ အကြောင်းရင်းကဘာလဲ"
ဟင် အကြောင်းရင်း မသိဘူးလေ မကြိုချင်လို့မကြိုတာ။အကြောင်းရင်းလာမေးနေတယ် ရှေ့နေလုပ်ရမှာ စာရေးနေသေးတယ်။ပြီးရင် သူရေးတဲ့ဟာတွေကလည်း boy to boy တွေ။
Moe🐁:"ပြောလေ "
Jk🐇:"ဟမ် အာ မသိဘူး မရှိဘူး မကြိုချင်လို့မကြိုတာ ဒါဘဲနော် သွားကြိုပေး မဟုတ်ရင် ဆူခံရလိမ့်မယ် အဖွားဆီမှာ။ပြီးတော့ နင့်ကို စာအုပ်အတွက် အဖုံးပုံ design မဆွဲပေးဘဲနေလိုက်မယ်နော်။
Moe 🐁:"အေးပါဟာ ကြိုပေးမယ် ဆွဲတော့ဆွဲပေးရမယ် "
Jk🐇:"Imm "
Moe တယောက် ခေါင်းကုတ် ဆောင့်အောင့်ရင်းထွက်သွားလေရဲ့။ဘာဘဲဖြစ်ဖြစ် လိုချင်တာတော့ရပြီ။ဟီးဟီး ခြိမ်းခြောက်လိုက်သေးတယ်။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...