Jk 🐇:"ကျွန်တော်လက်ခံတယ်အဖွား park Jiminကိုယူပါ့မယ်"
ထိုစကားကြားတော့ စားပွဲဝိုင်းမှ အကုန်လို့ မျက်လုံးတွေပြူးကာ ။အကုန်ထင်တာက နှစ်ယောက်လုံးငြင်းကြမယ်ပေါ့။ခုဟာက။
Moe နဲ့ Jin လည်းမျက်လုံးပြူးကာ တယောက်နဲ့တယောက်ကြည့်နေကြသည်။အဖွားကတော့ ပြုံးနေပြီး Jungkookကတော့အောင်နိုင်သူမျက်နှာနှင့် Jimin ကိုကြည့်ကာပြုံးပြနေသည်။
Jimin တယောက် ဘာပြောရမှန်းမသိ မျက်နှာကြီး ခရမ်းချဉ်သီးလို့ရဲကာ Jungkookကိုသေချာကြည့်နေသည်။
Moe က ဒါကိုမြင်တော့ jimin လက်ကလေးကိုကိုင်လိုက်ကာ ဒေါသလျှော့ဖို့ပြောသည်။
Jimin ကလည်း ပြန်လည်ပြုံးပြပြီးဘာမှမဖြစ်ဟုဖြေသည်။
ထိုမြင်ကွင်းကိုမြင်နေရသော Jungkookမှာမကျေနပ်။Jk 🐇:"အဖွား ဒါဆိုဘယ်တော့ လက်ထက်ရမလဲ "
အဖွား:"အဲ့တာတော့မရွေးရသေးဘူး သားတို့သဘောထားကိုမေးချင်လို့စောင့်နေတာ အခုသားတို့နှစ်ယောက်လုံးကသဘောတူတယ်ဆိုတော့ ရွေးပေးရမှာပေါ့ ဘာဖြစ်လို့လောနေတာလဲမြေးရဲ့"
Jk 🐇:"မြန်မြန်လုပ်တော့ ပိုကောင်းတာပေါ့အဖွားရဲ့ ကျွန် တော် နဲ့ သူ နဲ့ မြန် မြန် တူ တူ နေ ရ တာ ပေါ့ "
Jimin ကိုကြည့်ပြီး သေချာတလုံးချင်းစီပြောတော့ jimin တယောက်ဒေါသတွေအရမ်းထွက် မတ်တပ်ထရပ်လိုက်သည်။
JM 🐥:"မင်း ငါနဲ့လိုက်ခဲ့ အဖွား ခဏခေါ်သွားမယ်နော် ပြောစရာ ရှိလို့ပါ"
Jungkookကို တင်းကျပ်စွာကိုင်ပြီး ဆွဲခေါ်ခဲ့သည်။လူကောင်သေးတာအားကတော့မသေးဘဲ။
Jk 🐇:"ဘာလို့လဲ ဒီမှာပြောလို့မရဘူးလား ဘာတွေများ ပြောစရာရှိလို့လဲ "
ပြုံးကာပြောတော့ jimin က ဒေါသထွက်ပြီးပြောမယ်အလုပ် Moe က လက်ကိုလှမ်းကိုင်လိုက်ပြီး ခေါင်းခါပြသည်။jin လည်း စိတိလျှောက်ဖို့ တိုးတိုးလေးပြောသည်။
ထိုအဖြစ်ကို Jungkookမကျေနပ် စူးရဲစွာmoe ကိုကြည့်ပြီး jimin ဆွဲခေါ်ရာနောက်လိုက်သွားသည်။
(Jin hyung တိုးတိုးလေးပြောတာကျမမြင်။မြင်ချင်ရာဘဲမြင်တယ်။)
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...