Jimin လည်း ဘာမှမတွေးနိုင် လိုက်ခုန်ဆင်းမိသွားသည်။ရေထဲကို ရောက်သွားပြီး ချက်ချင်းပြန်ကူးတက်ကာ Moe ကို လိုက်ရှာရတော့သည်။
"Moe!!!!"
" Jimin hyung !"
ခပ်လှမ်းနေရာမှာ ရေထဲရုန်းနေရင်း အော်ခေါ်နေသည်။moe စီသို့အမြန်ကူးသွားလိုက်ပြီး ကယ်ကာ စမ်းချောင်းဘက်ကိုကူးလာခဲ့သည်။
စမ်းချောင်းနားကိုရောက်တော့ namjoon hyung တို့အော်ခေါ်နေကြသည်။
"Jimin!!!!!"
Jimin တယောက်မောနေကာ တက်လာပြီး Moe ကတော့ သတိမေ့နေသည်။
Jungkook က jimin ကို ဖက်ထားပြီး namjoon Moe ကို သတိပြန်ရအောင်လုပ်နေသည်။အကုန်လုံး namjoon ကိုငြိမ်ငြိမ်သက်သက်ကြည့်နေကြသည်။ခုန ကြာတော့ Moe သတိရလာသည်။
"အဟွတ် အဟွတ် "
JH:"Moe Moe သတိရပြီလား"
Moe တယောက်အရမ်းကြောက်နေပြီး Jungkook ကိုမြင်တော့ လှမ်းဖက်လိုက်သည်။
Moe:"Jungkook!!!"
အကုန်လုံးက မျက်လုံးပြူးသွားကာ jimin ကိုလှမ်းကြည့်ကြသည်။jimin က ဘာမှမဖြစ်ဘူးဆိုပြီး ပြန်ပြုံးပြသည်။
Moe:" Jungkook ငါ ငါကြောက်တယ် ငါငါ ပြန်ပြီး......"
ပြောနေရင်းသတိမေ့သွားသည်။moe ကို မချီကာ ဆေးရုံသို့ အမြန်သွားလိုက်ရသည်။
Moe ကို ဆေးရုံတင်ထားတာ ၂ ရက်ရှိပြီ သတိမရလာသေး။Jimin တယောက် အရမ်းစိတ်ပူနေသည်။
ဆရာဝန်ခန်းထဲတွင်
JM:"ဆရာ ညီမလေး အခြေအနေက ဘယ်လိုရှိလဲဟင်"
Doc:" လူနာက နဂိုခံ ရောဂါရှိတော့ ပြန်ပြီးအရင်ကအကြောင်းတွေကိုမှတ်မိလာတာရယ်၊ အထိတ်တလန့် ဖြစ်သွားတာကြောင့် ခဏတာမေ့နေတဲ့သဘောပါ လူနာရဲ့စိတ်ပေါ်လည်းမူတည်ပါတယ် ပြန်သတိရလာဖို့အတွက် ပြီးတော့"
JM:"ဆရာ ခဏ ခုနက နဂိုရောဂါအခံလို့ပြောလိုက်တာလား"
Doc:"ဟုတ်ပါတယ် ဒီက လူနာရှင်တို့က မသိဘူးလား"
NJ:"ဆရာ ဆက်ပြောပါ"
Namjoon စကားလမ်းကြောင်းကိုဖြတ်လိုက်ပြီး ဆရာ့ကိုဆက်ပြောခိုင်းသည်။
YOU ARE READING
ပန်းရောင်လေးနဲ့ကျွန်တော်
Romanceသူ့ကိုစစချင်းမြင်တော့ အမြင်ကတ်စရာ ပုပုသေးသေးနဲ့ နှင်းဆီပန်းလေးလို ရဲနေတဲ့ နှုတ်ခမ်းနဲ့ စွာလန်နေတဲ့နှုတ်ခမ်းဖူးဖူးလေးကိုဘဲ အမြင်ကတ်လား။ရီလိုက်ရင် ပိတ်သွားတဲ့ မျက်နှာလုံးကိုဘဲလား။လက်သေးသေးလေးတွေကိုလား မသိတော့ပါဘူးဗျာ။အမြင်ကတ်တယ် ခင်ဗျားကြီးကို ....😏...